ပြီးခဲ့တဲ့ Developer Conference 2020 မှာ Huawei ဟာ သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS 2.0 ကို ပွဲထုတ်ခဲ့ပါတယ်။ တရုတ်ဧရာမနည်းပညာကုမ္ပဏီကြီးဟာ ကိုယ်ပိုင်ဂေဟစနစ်ကို ဖွံ့ဖြိုးကြီးထွားအောင် အားထုတ်နေတာဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကိုလည်း ကျော်လွှားနိုင်တဲ့ နည်းလမ်းဖြစ်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းအရ HarmonyOS 2.0 ရဲ့ Beta ဗားရှင်းဟာ ၂၀၂၀ ဒီဇင်ဘာလ အစောပိုင်းမှာပဲ ရောက်ရှိမှာဖြစ်ပြီး Smart Screen လို Device အနည်းငယ်ဆီ ဦးဆုံးပို့ဆောင်မယ်လို့ သိရပါတယ်။ ၂၀၂၁ ရဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာတော့ စမတ်ဖုန်းတွေဆီကို ပို့ဆောင်မယ်လို့ ဆိုပါတယ်။

Huawei Consumer BG Software development ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Wang Chenglu ကလည်း HarmonyOS 2.0 ကို ၂၀၂၁ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ လတွေမှာ ထုတ်ပေးသွားမယ်လို့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ပထမသုံးလပတ်အတွင်း ရရှိမှာက Beta ဗားရှင်းသာဖြစ်ပြီး Final ဗားရှင်းထုတ်ဖို့ကတော့ ပုံမှန်အားဖြင့် လအတန်ကြာ စမ်းသပ်ရဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ HarmonyOS စီမံကိန်းကို Smart TV တွေအပါအဝင် Smart IoT Devices တွေအားလုံးမှာ အဓိကထားသုံးစွဲနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ကုမ္ပဏီရဲ့ 5G ခေတ်သစ်အတွက် ချမှတ်ထားတဲ့ “1+8+N” မဟာဗျူဟာမှာလည်း HarmonyOS က အခရာကျနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် Huawei ကတည်ဆောက်နေတဲ့ ကိုယ်ပိုင်ဂေဟစနစ်အတွက် အဓိကဖြစ်ပါတယ်။

“1+8+N” မှာ 1 ဟာ စမတ်ဖုန်း ကိုရည်ညွှန်းပြီး၊ 8 ကတော့ PC, tablet, TV, audio, glasses, watches, locomotives နဲ့ headphone စတာတွေ ကိုရည်ညွှန်းပါတယ်။ N ကတော့ Mobile offices, smart homes, sport and health, audio-visual entertainment နဲ့ Smart travel product တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

Ref: Gizmochina