Zawgyi

တရုတ္အေျခစုိက္စမတ္ဖုန္းကုမၸဏီ Huawei ရဲ႕ P30 စီးရီးဟာ ရက္ေပါင္း ၈၅ အတြင္းမွာ အလုံးေရ ဆယ္သန္းေရာင္းခ်ခဲ့ရၿပီး စံခ်ိန္သစ္တင္ႏုိင္ခဲ့ပါတယ္။ ယခင္မ်ဳိးဆက္ P20 ဖုန္းေတြထက္ ႏွစ္လေစာၿပီး အလုံးေရဆယ္သန္းေရာင္းခ်ခဲ့ရတာျဖစ္ၿပီး ကုမၸဏီအတြက္လည္း သုံးလအတြင္း အျမင့္ဆုံးအေရာင္းစံခ်ိန္ ျဖစ္ပါတယ္။

အခုႏွစ္ေမလကုန္မွာ Huawei ဟာ စုစုေပါင္းဟန္းဆက္လုံးေရ သန္းတစ္ရာထိ တင္ပို႔ႏုိင္ခဲ့ၿပီး အေမရိကန္ ပိတ္ဆုိ႔မႈမတုိင္ခင္မွာ အေတာ္ေလးကို အေျခအေနေကာင္းေနခဲ့တာပါ။ ဒါ့အျပင္ သူ႕ရဲ႕ Flagship စီးရီးျဖစ္တဲ့ P30 Pro ဟာလည္း European Hardware Awards ဆုေရြးခ်ယ္မႈမွာ “အေကာင္းဆုံးစမတ္ဖုန္း” ဆုရရွိခဲ့ၿပီး ယွဥ္ၿပိဳင္သူ တစ္ရာေက်ာ္ထဲကမွ SuperSpectrum နဲ႔ SuperZoom ကင္မရာနည္းပညာေတြက ေတာက္ပခဲ့တယ္ လို႔ဆုိပါတယ္။

ဟန္းဆက္ေတြသာမကဘဲ သူတုိ႔ရဲ႕ SuperCharge အားအျမန္သြင္းစနစ္ပါဝင္တဲ့ ထုတ္ကုန္ေတြကိုလည္း တင္ပို႔လာခဲ့တာ သန္းတစ္ရာျပည့္ၿပီလို႔ ကုမၸဏီက ေၾကျငာခဲ့ပါတယ္။ ဒီထဲမွာ စမတ္ဖုန္းေတြ၊ Power Bank ေတြနဲ႔ Charger ေတြပါဝင္ပါတယ္။

Huawei Watch GT စမတ္လက္ပတ္နာရီဟာလည္း သူ႕အတုိင္းအတာနဲ႔သူ အေျခအေနေကာင္းေနၿပီး ေအာက္တုိဘာလမွာ စတင္မိတ္ဆက္ခဲ့ၿပီးထဲက အခုခ်ိန္ထိ အလုံးေရႏွစ္သန္းေရာင္းခ်ထားရပါတယ္။ ဒါဟာ စမတ္နာရီေစ်းကြက္အတြက္ တုိးတက္မႈတစ္ခုျဖစ္ၿပီး ပထမဆုံးသုံးလအတြင္း အလုံးေရငါးသန္းတင္ပို႔ထားတဲ့ Huawei ဟာ မႏွစ္ကထက္ ၂၈၂% တုိးျမွင့္လာႏုိင္ခဲ့တယ္လို႔ IDC အစီရင္ခံစာက ဆုိထားပါတယ္။

Watch GT ဟာ Android OS အစား ကုမၸဏီပိုင္ Lite OS ကိုအသုံးျပဳထားၿပီး ၈၁% ေသာ ဝယ္ယူသူေတြဟာ သူ႕ရဲ႕ ဘကၳရီသက္တမ္းေၾကာင့္ျဖစ္တယ္လို႔ ဆုိပါတယ္။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက်စမတ်ဖုန်းကုမ္ပဏီ Huawei ရဲ့ P30 စီးရီးဟာ ရက်ပေါင်း ၈၅ အတွင်းမှာ အလုံးရေ ဆယ်သန်းရောင်းချခဲ့ရပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ယခင်မျိုးဆက် P20 ဖုန်းတွေထက် နှစ်လစောပြီး အလုံးရေဆယ်သန်းရောင်းချခဲ့ရတာဖြစ်ပြီး ကုမ္ပဏီအတွက်လည်း သုံးလအတွင်း အမြင့်ဆုံးအရောင်းစံချိန် ဖြစ်ပါတယ်။

အခုနှစ်မေလကုန်မှာ Huawei ဟာ စုစုပေါင်းဟန်းဆက်လုံးရေ သန်းတစ်ရာထိ တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ပိတ်ဆို့မှုမတိုင်ခင်မှာ အတော်လေးကို အခြေအနေကောင်းနေခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ Flagship စီးရီးဖြစ်တဲ့ P30 Pro ဟာလည်း European Hardware Awards ဆုရွေးချယ်မှုမှာ “အကောင်းဆုံးစမတ်ဖုန်း” ဆုရရှိခဲ့ပြီး ယှဉ်ပြိုင်သူ တစ်ရာကျော်ထဲကမှ SuperSpectrum နဲ့ SuperZoom ကင်မရာနည်းပညာတွေက တောက်ပခဲ့တယ် လို့ဆိုပါတယ်။

ဟန်းဆက်တွေသာမကဘဲ သူတို့ရဲ့ SuperCharge အားအမြန်သွင်းစနစ်ပါဝင်တဲ့ ထုတ်ကုန်တွေကိုလည်း တင်ပို့လာခဲ့တာ သန်းတစ်ရာပြည့်ပြီလို့ ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။ ဒီထဲမှာ စမတ်ဖုန်းတွေ၊ Power Bank တွေနဲ့ Charger တွေပါဝင်ပါတယ်။

Huawei Watch GT စမတ်လက်ပတ်နာရီဟာလည်း သူ့အတိုင်းအတာနဲ့သူ အခြေအနေကောင်းနေပြီး အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့ပြီးထဲက အခုချိန်ထိ အလုံးရေနှစ်သန်းရောင်းချထားရပါတယ်။ ဒါဟာ စမတ်နာရီဈေးကွက်အတွက် တိုးတက်မှုတစ်ခုဖြစ်ပြီး ပထမဆုံးသုံးလအတွင်း အလုံးရေငါးသန်းတင်ပို့ထားတဲ့ Huawei ဟာ မနှစ်ကထက် ၂၈၂% တိုးမြှင့်လာနိုင်ခဲ့တယ်လို့ IDC အစီရင်ခံစာက ဆိုထားပါတယ်။

Watch GT ဟာ Android OS အစား ကုမ္ပဏီပိုင် Lite OS ကိုအသုံးပြုထားပြီး ၈၁% သော ဝယ်ယူသူတွေဟာ သူ့ရဲ့ ဘက္ထရီသက်တမ်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Ref – GSM Arena