Huawei ကနေ ဒီနှစ်ထဲမှာ စမတ်ဖုန်းတွေအများအပြားထုတ်လုပ်ခဲ့တာကို လူတိုင်းသိကြမှာပါ။ ယခုနှစ်ထဲမှာ စမတ်ဖုန်းတွေအမြောက်အများထုတ်လုပ်ခဲ့သလိုပဲ လူအမြောက်အများကလည်း အခုဆိုရင် Huawei စမတ်ဖုန်းတွေကို ဝယ်ယူထားကြတယ်ဆိုတာကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အခု Huawei ရဲ့ ထုတ်ပြန်ချက်အရ Huawei ကုမ္ပဏီဟာ အခုနှစ် ၁ နှစ်ထဲမှာတင်ကြောက်မက်ဖွယ်ကောင်းလောက်အောင် စမတ်ဖုန်းအလုံးရေ ၁၅၃ သန်းကို ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုထုတ်ပြန်ချက်ဟာ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Ken Hu ကပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး အမြောက်အများရောင်းချရမှုက Huawei ကို ကမ္ဘာ့နံပါတ် (၃) စမတ်ဖုန်းရောင်းချသူဖြစ်သွားစေခဲ့ပေမယ့် လက်ရှိသိရှိရတဲ့သတင်းတွေအရတော့ Huawei ကုမ္ပဏီက ယခုနှစ်အတွက်ပြန်လည်ရရှိတဲ့အကျိုးအမြတ်က ယခင်နှစ်တွေထက်ပိုပြီး လျော့နည်းတယ်လို့ သိရပါတယ်။

အဲ့ဒါကလည်း အခုနှစ်မှာ Huawei ကနေ Huawei Nova 2i နဲ့ Honor 7X လိုမျိုး စမတ်ဖုန်းတွေကို ဈေးကို အနည်းဆုံးနဲ့ ရောင်းချနေတာကြောင့်ဖြစ်နိုင်ပြီး အဲ့ဒီလိုရောင်းချခဲ့တာကြောင့်လည်း ဈေးကွက်ထဲမှာ နာမည်ကောင်းပြန်လည်ရရှိလာတာဖြစ်ပါတယ်။

Huawei ဟာ နောက်နှစ်မှာ အခုထက်ပိုပြီး စမတ်ဖုန်းတွေထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပြီး Huawei Mate 10 Pro စမတ်ဖုန်းကိုလည်း အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။