Huawei က TalkBand B6 Fitness Tracker ကို တရုတ်မှာ ကြေညာလိုက်ပြီး Bluetooth Headset အဖြစ်ပါ သုံးလို့ရပါတယ်။ Fitness Tracker အတွက် Sports , Fashion နဲ့ Exclusive မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး ၉၉၉ ယွမ်၊ ၁,၁၉၉ ယွမ်နဲ့ ၁,၄၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၉ သောင်း၊ ၂ သိန်း ၃ သောင်းနဲ့ ၂ သိန်း ၉ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။

TalkBand B6 မှာ ၁.၅၃ လက်မ Flexible Curved AMOLED မျက်နှာပြင် ပါလာပြီး 460x188p Resolution ရှိပါတယ်။ 326ppi ထောက်ပံ့ထားပြီး Huawei ရဲ့ HiSiliconn Kirin A1 Chipset မောင်းနှင်ထားပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်ပြီး ဖုန်းတွေနဲ့ Bluetooth 5.2 ကနေ ချိတ်ဆက်နိုင်ပါတယ်။

TalkBand B6 ကို Android 4.4 , iOS 9.0 နဲ့ သူ့အထက် Device တွေနဲ့ ချိတ်ဆက်နိုင်ပြီး ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပါတယ်။ ဆီလီကွန်၊ သားရေနဲ့ သတ္တု လက်ပတ်ကြိုး ၃ မျိုးရွေးချယ်နိုင်ပါတယ်။ ဆီလီကွန် လက်ပတ်အတွက် Obsidian Black နဲ့ Coral Red ၂ ရောင်နဲ့ သားရေ လက်ပတ်အတွက် Titanium Silver Gray အရောင် ထုတ်လုပ်ထားပါတယ်။

TalkBand B6 က ကိုယ်လက်လှုပ်ရှားမှု၊ အိပ်စက်မှုနဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်းတွေကို တိုင်းတာပေးနိုင်ပြီး Music Control တွေ ပါပါတယ်။ ဖုန်း App တွေက Notification တွေကို ပြသပေးပြီး IP57 စံနှုန်းပါတဲ့အတွက် ရေစိုခံသလို ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ USB Type-C ကနေ အားသွင်းနိုင်တဲ့ 120mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Ref : gizmochina