Huawei ဟာ ယခုနှစ်မှာ ပုံမှန်အတိုင်း P60 Series Flagship ဖုန်းတွေအပြင် Huawei Mate X3 Foldable ဖုန်း၊ နှစ်ကုန်ပိုင်းမှာ Mate 60 Series ဖုန်းတွေကို မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာမှ Huawei P60 Series ဖုန်းတွေဟာ လာမယ့် မတ်လအတွင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သတင်းတွေပေါက်ကြားနေပါတယ်။

အခုလည်း Huawei P60 Series ဖုန်းတွေဟာ Software ပိုင်းမှာ ကိုယ်ပိုင် HarmonyOS Version အသစ်ကို အသုံးပြုလာမယ်ဆိုပြီး သတင်းထွက်ရှိလာပါပြီ။ အဆိုပါ HarmonyOS Vesion အသစ်ကို HarmonyOS 3.1 လို့ ခေါ်ဆိုထားပြီး လောလောဆယ်မှာ P60 Series ဖုန်းတွေမှာ အရင်ဆုံးစမ်းသပ်နေတယ်လို့ သိရပါတယ်။

Huawei စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ Google နဲ့ US အစိုးရတို့ကနေ ပိတ်ဆို့မှုတွေပြုလုပ်ထားတဲ့အတွက် Google Apps တွေနဲ့ Google Service တွေကို အသုံးပြုနိုင်ခြင်းမရှိတော့ဘူးဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်တွင်းထုတ် Huawei ဖုန်းတွေဟာ ကိုယ်ပိုင် HarmonyOS ကိုပဲ အသုံးပြုထားပြီး နိုင်ငံတကားစျေးကွက်အတွက် Android OS ကို အခြေခံထားတဲ့ EMUI ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့် Huawei ဟာ P60 Series ဖုန်းတွေမှာ HarmonyOS 3.1 ကို စမ်းသပ်နေတယ်လို့ သိရတဲ့အတွက် ဒါဟာ တရုတ်နိုင်ငံစျေးကွက်အတွက်ပဲလား၊ Global စျေးကွက်ကိုပါ HarmonyOS 3.1 နဲ့ မိတ်ဆက်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လောလောဆယ်ထွက်ပေါ်ထားတဲ့သတင်းတွေအရ HarmonyOS 3.1 ဟာ လက်ရှိ HarmonyOS 3.0 နဲ့ဆင်တူပြီး တချို့သော ပြဿနာတွေကိုပဲ ပြင်ဆင်မွမ်းမံထားတယ်လို့ သိရပါတယ်။

Ref – Gizmo China