[Zawgyi]

စက္တင္ဘာလအေစာပိုင္းတုန္းက Huawei ဟာ ေနာက္ဆုံးေပၚ Chipset အျဖစ္ Kirin 990 ကို ထုတ္ျပခဲ့ပါတယ္။ HiSilicon ရဲ႕ဒီဇိုင္းကို ထိုင္ဝမ္ ဆီမီးကြန္ဒတ္တာထုတ္လုပ္ေရးကုမၸဏီ (TSMC) က 7nm process အသုံးျပဳၿပီး ထုတ္လုပ္ခဲ့တာပါ။ 5G modem လည္း ပါဝင္ၿပီးသားျဖစ္တဲ့ ဒီ Chip ကို Mate 30 ေတြမွာ သုံးထားသလို Mate X မွာလည္း အသုံးျပဳမွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Kirin 990 ဟာ အဆင့္ျမင့္ဗိသုကာလက္ရာတစ္ခုျဖစ္ေပမယ့္ Huawei ကေတာ့ ေနာက္ထပ္တစ္ဆင့္ျမင့္မယ့္ Chipset နဲ႔ Mate 40 ကို ေမွ်ာ္ၾကည့္ေနၿပီလို႔ ဆိုရမွာပါ။ Huawei Central ကေနလာတဲ့ သတင္းအရ ကုမၸဏီရဲ႕ Chipset သစ္ဟာ Kirin 1000 ျဖစ္တယ္လို႔ သိရပါတယ္။

Kirin 1000 ဟာ 5nm process ျဖစ္တယ္လို႔ အဆိုပါသတင္းရင္းျမစ္က အခိုင္အမာေရးသားေဖာ္ျပထားပါတယ္။ Process အေရအတြက္ဟာ ထရန္စစၥတာ အေရအတြက္နဲ႔ ဆက္စပ္ေနပါတယ္။ Process figure နိမ့္ေလေလ၊ Chip ထဲမွာ ထရန္စစၥတာ နံပါတ္ျမင့္ေလေလ ျဖစ္ပါတယ္။ ထရန္စစၥတာ မ်ားေလေလ စြမ္းအင္သက္ေရာက္မႈပိုေကာင္းေလေလ ျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ 10nm process ကေန တျဖည္းျဖည္း 7nm process ဆီ ကူးေျပာင္းလာတဲ့ေနာက္ ကိန္းဂဏန္းေသးသြားသေလာက္ ပိုၿပီးအစြမ္းထက္တဲ့ Chipset ေတြအျဖစ္ သုံးစြဲလာႏိုင္တာပဲ ျဖစ္ပါတယ္။ အခုေတာ့ 5nm Process ျဖစ္လာဖို႔ စိုင္းျပင္းေနတာျဖစ္ၿပီး Samsung ကေတာ့ လာမယ့္ ၂၀၂၂ မွာ 3nm Process အထိ ေမွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။

5G အမ်ိဳးအစား 7nm Kirin 990 ကေတာ့ ၁၀.၃ ဘီလီယံ ထရန္စစၥတာ ျဖစ္တာေၾကာင့္၊ အကယ္၍ Kirin 1000 ဟာ 5nm process ဆိုရင္ စကြဲယားမီလီမီတာတိုင္းမွာ ၁၇၁.၃ မီလီယံ ထရန္စစၥတာ ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

Huawei ဟာ Mate 40 နဲ့အတူ 5nm Kirin 1000 SoC ကို လာမယ့်နှစ်မှာ ပွဲထုတ်လာမယ်လို့ သတင်းထွက်ပေါ်လာ

စက်တင်ဘာလအစောပိုင်းတုန်းက Huawei ဟာ နောက်ဆုံးပေါ် Chipset အဖြစ် Kirin 990 ကို ထုတ်ပြခဲ့ပါတယ်။ HiSilicon ရဲ့ဒီဇိုင်းကို ထိုင်ဝမ် ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးကုမ္ပဏီ (TSMC) က 7nm process အသုံးပြုပြီး ထုတ်လုပ်ခဲ့တာပါ။ 5G modem လည်း ပါဝင်ပြီးသားဖြစ်တဲ့ ဒီ Chip ကို Mate 30 တွေမှာ သုံးထားသလို Mate X မှာလည်း အသုံးပြုမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Kirin 990 ဟာ အဆင့်မြင့်ဗိသုကာလက်ရာတစ်ခုဖြစ်ပေမယ့် Huawei ကတော့ နောက်ထပ်တစ်ဆင့်မြင့်မယ့် Chipset နဲ့ Mate 40 ကို မျှော်ကြည့်နေပြီလို့ ဆိုရမှာပါ။ Huawei Central ကနေလာတဲ့ သတင်းအရ ကုမ္ပဏီရဲ့ Chipset သစ်ဟာ Kirin 1000 ဖြစ်တယ်လို့ သိရပါတယ်။

Kirin 1000 ဟာ 5nm process ဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်က အခိုင်အမာရေးသားဖော်ပြထားပါတယ်။ Process အရေအတွက်ဟာ ထရန်စစ္စတာ အရေအတွက်နဲ့ ဆက်စပ်နေပါတယ်။ Process figure နိမ့်လေလေ၊ Chip ထဲမှ ာထရန်စစ္စတာ နံပါတ်မြင့်လေလေ ဖြစ်ပါတယ်။ ထရန်စစ္စတာ များလေလေ စွမ်းအင်သက်ရောက်မှုပိုလေလေ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် 10nm process ကနေ တဖြည်းဖြည်း 7nm process ဆီ ကူးပြောင်းလာတဲ့နောက် ကိန်းဂဏန်းသေးသွားသလောက် ပိုပြီးအစွမ်းထက်တဲ့ Chipset တွေအဖြစ် သုံးစွဲလာနိုင်တာပဲ ဖြစ်ပါတယ်။ အခုတော့ 5nm Process ဖြစ်လာဖို့ စိုင်းပြင်းနေတာဖြစ်ပြီး Samsung ကတော့ လာမယ့် ၂၀၂၂ မှာ 3nm Process အထိ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

5G အမျိုးအစား 7nm Kirin 990 ကတော့ ၁၀.၃ ဘီလီယံ ထရန်စစ္စတာ ဖြစ်တာကြောင့်၊ အကယ်၍ Kirin 1000 ဟာ 5nm process ဆိုရင် စကွဲယားမီလီမီတာတိုင်းမှာ ၁၇၁.၃ မီလီယံ ထရန်စစ္စတာ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Ref: Phone Arena