[Zawgyi]

ၿပီးခဲ့တဲ့ ေမလတုန္းက ၿဗိတိန္မွာ 5G ကြန္ရက္ကို စတင္၀န္ေဆာင္မႈေပးတဲ့ အခ်ိန္မွာ Huawei က Mate 20X ရဲ႕ 5G Version ကို မိတ္ဆက္ခဲ့ပါတယ္။ 5G Version မွာ အင္တာနက္ အျမန္ႏႈန္းပိုေကာင္းလာေပမယ့္ ဘက္ထရီကို အနည္းငယ္ ေလွ်ာ့ခ်ထားပါတယ္။ သူ႔ကို ေနာက္ပုိင္းမွာ ဥေရာပ ႏုိင္ငံေတြမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ မိခင္တိုင္းျပည္မွာ ေၾကညာေတာ့မွာပါ။ ကုမၸဏီက ဇူလိုင္လ ၂၆ ရက္မွာ Mate 20 X 5G ကို တရုတ္မွာ မိတ္ဆက္ဖို႔အတြက္ ဖိတ္စာေတြကို မီဒီယာေတြထံ ေပးပို႔လိုက္ပါတယ္။

5G Phone ကို ေၾကညာမွာ ျဖစ္တဲ့ အတြက္ တရုတ္မွာ 5G ကြန္ရက္ကိုလည္း တစ္ခ်ိန္ထဲမွာ ေၾကညာႏုိင္ပါတယ္။ ရွန္ဟိုင္း၊ ေဘဂ်င္းနဲ႔ ရွန္ဇန္တို႔လို ၿမိဳ႕ႀကီးေတြမွာ 5G ကို အရင္ဆံုး အသံုးျပဳႏုိင္မယ္လို႔ ထင္ပါတယ္။ တရုတ္မွာ 5G ၀န္ေဆာင္မႈေပးမယ့္ မိုဘိုင္း ေအာ္ပေရတာေတြကိုလည္း သိရေတာ့မွာပါ။

Mate 20 X 5G ကို ၿဗိတိန္မွာ စတာလင္ေပါင္ ၉၉၉ သတ္မွတ္ထားပါတယ္။ တရုတ္မွာ ယြမ္ ၆၉၉၉ ( စတာလင္ေပါင္ ၈၀၀) ေလာက္က်သင့္ႏုိင္ပါတယ္။ ျမန္မာေငြ ၁၅ သိန္းေလာက္ က်သင့္မွာပါ။ 5G Model ဟာ မူလ Model နဲ႔ Specs အမ်ားစု တူညီပါတယ္။ 5G Model မွာ Balong 5000 Modem ပါၿပီး သူ႔အတြက္ ေနရာပိုလိုတဲ့ အတြက္ 5000mAh အစား 4200mAh Battery သာ ထည့္ထားပါတယ္။

Huawei က Mate 20 X 5G မိတ္ဆက္ပြဲအတြက္ ျပင္ဆင္ေနစဥ္မွာပဲ ေနာက္ထပ္ ဖုန္း ကုမၸဏီ တစ္ခုကလည္း 5G Phone ကို ေၾကညာဖို႔ ရွိေနပါတယ္။ ZTE က Axon 10 Pro 5G မိတ္ဆက္ပြဲကို တက္ေရာက္ခ်င္သူေတြကို ဖိတ္ေခၚေနပါတယ္။ သူ႔ကို ေၾကညာမယ့္ ေန႔ကိုေတာ့ မေျပာေသးပါဘူး။ လာမယ့္ ရက္ပိုင္းအတြင္းမွာ သိရမယ္လို႔ထင္ပါတယ္။

Ref : gsmarena

[Unicode]

Huawei က ဇူလိုင်လ ၂၆ ရက်မှာ တရုတ်မှာ Mate 20 X 5G ကို မိတ်ဆက်မည်

ဗြိတိန်မှာ 5G ကွန်ရက်ကို စတင် ဝန်ဆောင်မှုပေးတဲ့ အချိန်မှာ Huawei က မေလမှာ Mate 20 X ရဲ့ 5G Version ကို မိတ်ဆက်ခဲ့ပါတယ်။ 5G Model မှာ အင်တာနက် အမြန်နှုန်းပိုကောင်းလာပေမယ့် ဘက်ထရီကို အနည်းငယ် လျှော့ချထားပါတယ်။ သူ့ကို နောက်ပိုင်းမှာ ဥရောပ နိုင်ငံတွေမှာ ကြေညာခဲ့ပါတယ်။ အခုတော့ မိခင်တိုင်းပြည်မှာ ကြေညာတော့မှာပါ။ ကုမ္ပဏီက ဇူလိုင်လ ၂၆ ရက်မှာ တရုတ်မှာ Mate 20 X 5G ကို မိတ်ဆက်ဖို့အတွက် ဖိတ်စာတွေအား မီဒီယာတွေထံ ပေးပို့လိုက်ပါတယ်။

5G Phone ကို ကြေညာမှာ ဖြစ်တဲ့ အတွက် တရုတ်မှာ 5G ကွန်ရက်ကိုလည်း တစ်ချိန်ထဲမှာ ကြေညာနိုင်ပါတယ်။ ရှန်ဟိုင်း၊ ဘေဂျင်းနဲ့ ရှန်ဇန်တို့လို မြို့ကြီးတွေမှာ 5G ကို အရင်ဆုံး အသုံးပြုနိုင်မယ်လို့ ထင်ပါတယ်။ တရုတ်မှာ 5G ဝန်ဆောင်မှုပေးမယ့် မိုဘိုင်း အော်ပရေတာတွေကိုလည်း သိရတော့မှာပါ။

Mate 20 X 5G ကို ဗြိတိန်မှာ စတာလင်ပေါင် ၉၉၉ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ယွမ် ၆၉၉၉ ( စတာလင်ပေါင် ၈၀၀) လောက်ကျသင့်နိုင်ပါတယ်။ မြန်မာငွေ ၁၅ သိန်းလောက် ကျသင့်မှာပါ။ 5G Model ဟာ မူလမော်ဒယ်နဲ့ Specs အများစု တူညီပါတယ်။ 5G Model မှာ Balong 5000 Modem ပါပြီး သူ့အတွက် နေရာပိုလိုတဲ့ အတွက် 5000mAh အစား 4200mAh Battery သာ ထည့်ထားပါတယ်။

Huawei က Mate 20 X 5G မိတ်ဆက်ပွဲအတွက် ပြင်ဆင်နေစဉ်မှာပဲ နောက်ထပ် ဖုန်း ကုမ္ပဏီ တစ်ခုကလည်း 5G Phone ကို ကြေညာဖို့ ရှိနေပါတယ်။ ZTE က Axon 10 Pro 5G မိတ်ဆက်ပွဲကို တက်ရောက်ချင်သူတွေအား ဖိတ်ခေါ်နေပါတယ်။ သူ့ကို ကြေညာမယ့် နေ့ကိုတော့ မပြောသေးပါဘူး။ လာမယ့် ရက်ပိုင်းအတွင်းမှာ သိရမယ်လို့ထင်ပါတယ်။

Ref : gsmarena