[Zawgyi]

Huawei ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက Mate 20 Series ကို မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီတုန္းကတည္းက Huawei Watch GT ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေစာင့္ၾကည့္ခဲ့ရတာပါ။ ဒီႏွစ္မွာေတာ့ Huawei အေနနဲ႔ သူတို႔ရဲ႕ နာရီေတြကို Version ျမႇင့္ၿပီး မိတ္ဆက္ဦးမယ္လို႔ သတင္းထြက္ေပၚလာျပန္ပါၿပီ။

WinFuture ရဲ႕ ေဖာ္ျပခ်က္အရ လာမယ့္ မတ္လ ၂၆ ရက္ေန႔၊ Huawei P30 နဲ႔ P30 Pro ေတြကို ေၾကညာမယ့္အခ်ိန္မွာ အဆိုပါ Refreshed version Watch GT ေတြကိုလည္း တစ္ပါတည္း ထည့္သြင္း ထုတ္ေဖာ္သြားမယ္လို႔ သိရပါတယ္။ ဒီလို အဆင့္ျမႇင့္တင္ထားတဲ့ နာရီႏွစ္လုံးဟာ Huawei Watch GT Active နဲ႔ Huawei Watch GT Elegant ဆိုၿပီး နာမည္ေပးထားတယ္လို႔လည္း ဆိုပါတယ္။

ေမာ္ဒယ္သစ္နဲ႔ နာရီေတြဟာ အရင္ ဗားရွင္းေဟာင္းနာရီေတြနဲ႔ အေတာ္ေလးကို တူညီေနဦးမယ္လို႔လည္း သိရပါတယ္။ Huawei Watch GT ႏွစ္မ်ိဳးစလုံးဟာ 1.39-inch OLED display ေတြနဲ႔ပဲျဖစ္မယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ Bezel ေတြမွာေတာ့ အေရာင္ေျပာင္းလဲမႈ ျဖစ္ေပၚလာမယ္လို႔လည္း သိရွိရပါတယ္။

ထပ္မံၿပီးသိရွိရတာကေတာ့ Huawei ဟာ သူ႔ရဲ႕ နာရီေတြမွာ ဘက္ထရီပိုင္းကို အေျပာင္းအလဲ လုပ္ခဲ့တယ္ဆိုတာပါပဲ။ Lithium-ion ကေန Lithium-polymer ကို ေျပာင္းလဲခဲ့တယ္လို႔ သတင္းထြက္ေပၚလာေပမယ့္ အတည္ျပဳခ်က္ေတာ့ မရရွိေသးပါဘူး။ ဒါ့အျပင္ Huawei ဟာ သူ႔ရဲ႕ Smart Watch ေတြမွာ ကိုယ္ပိုင္ OS ကိုပဲ အသုံးျပဳလာမွာ ျဖစ္ပါတယ္။

Huawei ရဲ႕ GT Active ဟာ Dark Green နဲ႔ Orange ဆိုၿပီး အေရာင္ႏွစ္ေရာင္ ေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။ GT Elegant ကေတာ့ အျဖဴနဲ႔ အနက္ ႏွစ္ေရာင္ကို ထုတ္လုပ္ထားတယ္လို႔လည္း သိရပါတယ္။ ဒီနာရီေတြအတြက္ ေဈးႏႈန္းေတြကေတာ့ GT Active ဟာ $280 (ျမန္မာေငြ ၄ သိန္း ၂ ေသာင္းခြဲဝန္းက်င္) နဲ႔ GT Elegant ကေတာ့ $257 (၃ သိန္း ၉ ေသာင္းဝန္းက်င္) ျဖစ္မယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Version သစ်နဲ့ Watch GT တွေကို မိတ်ဆက်ပေးသွားဦးမယ့် Huawei

Huawei ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Mate 20 Series ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတုန်းကတည်းက Huawei Watch GT တွေနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ခဲ့ရတာပါ။ ဒီနှစ်မှာတော့ Huawei အနေနဲ့ သူတို့ရဲ့ နာရီတွေကို Version မြှင့်ပြီး မိတ်ဆက်ဦးမယ်လို့ သတင်းထွက်ပေါ်လာပြန်ပါပြီ။

WinFuture ရဲ့ ဖော်ပြချက်အရ လာမယ့် မတ်လ ၂၆ ရက်နေ့၊ Huawei P30 နဲ့ P30 Pro တွေကို ကြေညာမယ့်အချိန်မှာ အဆိုပါ Refreshed version Watch GT တွေကိုလည်း တစ်ပါတည်း ထည့်သွင်း ထုတ်ဖော်သွားမယ်လို့ သိရပါတယ်။ ဒီလို အဆင့်မြှင့်တင်ထားတဲ့ နာရီနှစ်လုံးဟာ Huawei Watch GT Active နဲ့ Huawei Watch GT Elegant ဆိုပြီး နာမည်ပေးထားတယ်လို့လည်း ဆိုပါတယ်။

မော်ဒယ်သစ်နဲ့ နာရီတွေဟာ အရင် ဗားရှင်းဟောင်းနာရီတွေနဲ့ အတော်လေးကို တူညီနေဦးမယ်လို့လည်း သိရပါတယ်။ Huawei Watch GT နှစ်မျိုးစလုံးဟာ 1.39-inch OLED display တွေနဲ့ပဲဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Bezel တွေမှာတော့ အရောင်ပြောင်းလဲမှု ဖြစ်ပေါ်လာမယ်လို့လည်း သိရှိရပါတယ်။

ထပ်မံပြီးသိရှိရတာကတော့ Huawei ဟာ သူ့ရဲ့ နာရီတွေမှာ ဘက်ထရီပိုင်းကို အပြောင်းအလဲ လုပ်ခဲ့တယ်ဆိုတာပါပဲ။ Lithium-ion ကနေ Lithium-polymer ကို ပြောင်းလဲခဲ့တယ်လို့ သတင်းထွက်ပေါ်လာပေမယ့် အတည်ပြုချက်တော့ မရရှိသေးပါဘူး။ ဒါ့အပြင် Huawei ဟာ သူ့ရဲ့ Smart Watch တွေမှာ ကိုယ်ပိုင် OS ကိုပဲ အသုံးပြုလာမှာ ဖြစ်ပါတယ်။

Huawei ရဲ့ GT Active ဟာ Dark Green နဲ့ Orange ဆိုပြီး အရောင်နှစ်ရောင် ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ GT Elegant ကတော့ အဖြူနဲ့ အနက် နှစ်ရောင်ကို ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။ ဒီနာရီတွေအတွက် ဈေးနှုန်းတွေကတော့ GT Active ဟာ $280 (မြန်မာငွေ ၄ သိန်း ၂ သောင်းခွဲဝန်းကျင်) နဲ့ GT Elegant ကတော့ $257 (၃ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်မယ်လို့လည်း သိရပါတယ်။
Ref: GSMArena