Huawei ကနေ အခုအချိန်မှာ MateBook Series Laptop တွေကို ဆက်တိုက်မိတ်ဆက်နေပြီး စျေးကွက်အတွင်းမှာ နေရာတစ်ခုရရှိလာပြီလို့တောင် ပြောနိုင်ပါတယ်။ အခုလည်း Huawei ကနေ Laptop တင်မဟုတ်တော့ဘဲ Desktop PC တွေကိုပါ ထုတ်လုပ်သွားမယ့်ပုံစံပါပဲ။

Huawei ကနေ အခုမိတ်ဆက်သွားဖို့ရှိနေတဲ့ Desktop PC တွေဟာ AMD ရဲ့ Ryzen 4000 Series APU တွေကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ အခု သတင်းပေါက်ကြားလာတဲ့ Huawei Desktop PC မှာဆိုရင် AMD ရဲ့ 6-Core ၊ 12-Threads အမျိုးအစား Ryzen 5 Pro 4400G APU ကို အသုံးပြုထားတာကိုလည်းတွေ့ရပါတယ်။

အဆိုပါ AMD Ryzen 4000 Series APU တွေဟာ လက်ရှိ Desktop Ryzen 3000 Series CPU တွေလိုမျိုး 7nm Architecture ကိုပဲ အသုံးပြုလာဦးမှာဖြစ်ပြီး အဓိကကွာခြားချက်အနေနဲ့ကတော့ Redeon Vega Graphics ပါဝင်လာမှာဖြစ်တဲ့အတွက် ပုံမှန် eSports Game လောက်ကိုတော့ သီးသန့် Graphic Card ထည့်သွင်းဖို့လိုအပ်မှာမဟုတ်ဘဲ ဆော့ကစားနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် Huawei Desktop မှာ အသုံးပြုလာမယ့် Ryzen 5 Pro 4400G APU ဟာ Base Clock 3.7GHz နဲ့ Boost Clock 4.3GHz အထိ ရရှိမှာလည်းဖြစ်ပါတယ်။

Huawei အနေနဲ့ အခု Desktop PC ဟာ Specs အချို့ပေါက်ကြားလာခဲ့ပေမယ့် ဘယ်လိုမျိုး Design ကိုအသုံးပြုလာမလဲဆိုတာနဲ့ ဘယ်လိုမျိုး စျေးကွက်ကို ရည်ရွယ်သွားမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ နောက်ပြီး ယခု Desktop PC ထုတ်လာမယ်ဆိုရင် မကြာခင်မှာ Xiaomi လိုမျိုး Monitor စျေးကွက်ကိုပါ ဝင်ရောက်လာမလားဆိုတာကို စောင့်ကြည့်ရမှာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်ထွက်ပေါ်လာတဲ့ Specs အတိုင်းဆိုရင်တော့ စျေးနှုန်းအနေနဲ့ တော်တော်လေးကို သက်သာနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China