Huawei က ရွှေနဲ့ အလှဆင်ထားတဲ့ Watch Ultimate Gold Edition ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ လက်ရာလှပအောင် အထူး ဖန်တီးထားပြီး ၁၈ ကာရက် ရွှေနဲ့ အလှဆင်ထားပါတယ်။ ဈေးအကြီးဆုံး စမတ်နာရီတွေထဲက ၁ လုံး ဖြစ်ပြီး ဒေါ်လာ ၃,၁၉၁ ဝန်းကျင် ကျသင့်ပါတယ်။

Crown ၊ PVD လက်ပတ်ကြိုးနဲ့ နာရီရဲ့ ဘောင်တွေကို ၁၈ ကာရက် ရွှေနဲ့ အလှဆင်ထားပြီး လက်ပတ်ကြိုးကို တိုက်တေနီယမ်နဲ့ ပြုလုပ်ထားပါတယ်။ Nano-crystalline Ceramic ဖရိမ်ကို အသုံးပြုကာ တည်ဆောက်ထားပြီး အကောင်းဆုံး လက်ရာ ရစေဖို့ CNC Precision Machining နဲ့ ဒီဇိုင်းထုတ်ထားပါတယ်။ Processing နည်းပညာ ၂၄ ခု နဲ့ ဖန်တီးထားတာ ဖြစ်ပြီး မာကျောမှု အရည်အသွေး မြင့်မားပါတယ်။

1.5” LTPO OLED 450x450p မျက်နှာပြင် တပ်ဆင်ထားပြီး 1-60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 530mAh Battery က သာမာန်သုံးရင် ၁၄ ရက် ခံပြီး အလွန်အကျွံသုံးရင် ၈ ရက်ခံပါတယ်။ တရုတ်မှာ ဂြိုလ်တု ဆက်သွယ်ရေးနဲ့ စာပို့နိုင်၊ စာလက်ခံနိုင်ပါတယ်။

Huawei Watch Ultimate Gold Edition ဟာ ရေအနက် ၁၀၀ မီတာအထိ ငုပ်နိုင်တဲ့ စွမ်းရည် ပါပါတယ်။ လူ့ခန္တာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို စောင့်ကြည့်စစ်ဆေးပေးပြီး TruSeenTM 5.0 နှလုံးခုန်နှုန်း တိုင်းတာတာ၊ TruSleepTM 3.0 အိပ်စက်မှု အခြေအနေ တိုင်းတာတာနဲ့ အချိန်နဲ့ တစ်ပြေးညီ ECG တွက်ချက်တာတွေ ပါပါတယ်။ သွေးတွင်းအောက်ဆီဂျင်  ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။

Ref : gizmochina