လက်ရှိအချိန်မှာ စမတ်ဖုန်းတွေက 4G Network ကိုပဲအသုံးပြုနေကြသေးတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Network Operator ကုမ္ပဏီတွေအပြင် စမတ်ဖုန်းထုတ်လုပ်သူတွေကပါ 5G Network ကို အဆင့်မြှင့်တင်ဖို့ ဆိုင်းပြင်းနေကြပြီဖြစ်ပါတယ်။

လက်ရှိအချိန်အတွက် ပထမဆုံး 5G Smartphone ကိုတော့ ဘယ်ဖုန်းကုမ္ပဏီကနေ ထုတ်မလဲဆိုတာကို မသိရသေးပေမယ့်လည်း Huawei ကနေ 5G Smartphone ကို ထုတ်လုပ်မယ့် အချိန်ကိုတော့ သိလာရပြီဖြစ်ပါတယ်။ အခုသတင်းဟာ Huawei ရဲ့ တရုတ်နိုင်ငံ Shenzhen မြို့မှာ ပြုလုပ်တဲ့ Global Analyst Summit မှာ ကြေငြာခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီအတွက် Huawei ဟာ ကမ္ဘာ့ပထမဆုံးသော 5G Commercial CPE ကို လာမယ့် ၂၀၁၉ ခုနှစ်အစပိုင်းမှာ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ၂၀၁၉ နှစ်ဝက်မှာ Mobile Wi-Fi စက်ကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် 5G Smartphone ကိုလည်း လာမယ့် ၂၀၁၉ ခုနှစ် နှစ်ဝက်လောက်မှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Huawei ကနေ ပြီးခဲ့တဲ့ MWC Event မှာ ပြသခဲ့တဲ့ Balong 5G01 Modem ကို အသုံးပြုလာနိုင်ပြီးတော့ Huawei Mate 30 ဖုန်းက Huawei ရဲ့ ပထမဆုံးသော 5G စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။