Huawei ကနေ Huawei P20 Series စမတ်ဖုန်းတွေကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးတက်လာတဲ့သတင်းအရတော့ Huawei ကလည်း အလွန်များပြားလှတဲ့ Storage ပမာဏကိုပါ သူရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးသွားတော့မယ်လို့ သိရပါတယ်။

အခု Huawei ဖုန်းတွေမှာ ထည့်သွင်းဖို့ စီစဉ်နေတဲ့ Storage ပမာဏဟာ 512GB Storage ဖြစ်ပြီး ဒါက လက်ရှိ စမတ်ဖုန်းတွေအများစုမှာ ပါဝင်နေတဲ့ 32GB ၊ 64GB အစရှိတဲ့ Storage တွေနဲ့ ယှဉ်ရင် အဆများစွာများပြားနေတာပဲဖြစ်ပါတယ်။ လက်ရှိ Samsung Galaxy S9+ လိုမျိုး စမတ်ဖုန်းတွေတောင်မှ 128GB နဲ့ 256GB ပဲထွက်ရှိထားတဲ့အတွက် အခု Huawei ဖုန်းတွေက လက်ရှိ စမတ်ဖုန်းလောကရဲ့ Storage ပမာဏကို ပြန်ပြောင်းသတ်မှတ်တော့မယ့်ပုံပါပဲ။

ဖြစ်နိုင်တာတစ်ခုကတော့ အခုထုတ်လုပ်မယ့် 512GB Storage နဲ့ ဖုန်းဟာ Huawei P20 Pro စမတ်ဖုန်းဖြစ်လာပြီးတော့ Codename အနေနဲ့ NEO-AL00 ဖြစ်တယ်လို့ သိရပါတယ်။ Storage အနေနဲ့ 512GB ပါဝင်သလိုပဲ RAM ကလည်း 6GB ပါဝင်မှာဖြစ်ပါတယ်။

Huawei P20 Series ဖုန်းတွေက ဒီနှစ်အတွက် အကောင်းဆုံးသောစမတ်ဖုန်းတွေတောင်ဖြစ်လာနိုင်ပါတယ်။