Huawei ကနေ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကနေ စတင်ပြီးတော့ Huawei ရဲ့ ကိုယ်ပိုင် Huawei နဲ့ Honor စမတ်ဖုန်းတွေမှာ ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ Kirin Processor တွေကိုပဲ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ယခင်တုန်းကတော့ Kirin Processor တွေက စွမ်းဆောင်ရည်ပိုင်းမှာ အလွန်ကောင်းမွန်တယ်လို့ ပြောလို့မရပေမယ့် လက်ရှိအချိန်မှာတော့ Kirin 970 လိုမျိုး Processor တွေက အခြားသော Processor တွေမှာ ပါဝင်ခြင်းမရှိသေးတဲ့ AI Processor တွေပါ ပါဝင်လာပြီပဲဖြစ်ပါတယ်။

Source : Huawei

အခုနောက်ပိုင်းမှာ Huawei ကနေ အခုလိုမျိုး ကောင်းမွန်တဲ့ Processor တွေကို ထုတ်လုပ်နေပြီဖြစ်တဲ့အတွက် Huawei ကနေ Samsung နဲ့ အခြားသော Processor ပါ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလိုမျိုး သူတို့ရဲ့ ကိုယ်ပိုင် Kirin Processor တွေကို အခြားသော စမတ်ဖုန်းကုမ္ပဏီတွေကိုပါ ရောင်းချနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huawei ရဲ့ Global Analyst Conference မှာ အခုသတင်းတွေထွက်ပေါ်လာတဲ့အပေါ်ကို ပြန်လည်ဖြေရှင်းခဲ့ပြီးတော့ လက်ရှိအချိန်မှာ Huawei ကနေ Kirin Processor တွေကို Huawei နဲ့ Honor မဟုတ်တဲ့အခြားသော စမတ်ဖုန်းတွေမှာ အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Source : Huawei

Huawei ဟာ လက်ရှိအချိန်မှာလည်း မနှစ်က Kirin 970 Processor ကိုပဲ လက်ရှိ Huawei P20 လိုမျိုး စမတ်ဖုန်းတွေမှာ အသုံးပြုနေတယ်ဆိုပေမယ့် ယခုနှစ်ဝက်ပိုင်းမှာတော့ လက်ရှိ အမြန်ဆုံး Processor ဖြစ်တဲ့ Qualcomm Snapdragon 845 Processor ထက်တောင် ၂ ဆလောက် ပိုမိုမြန်ဆန်တဲ့ Kirin 980 Processor အသစ်ကို Huawei Mate 20 စမတ်ဖုန်းနဲ့ အတူ မိတ်ဆက်သွားနိုင်တယ်လို့ သိရပါတယ်။

Source : Huawei

ဘာပဲဖြစ်ဖြစ် Huawei က စမတ်ဖုန်းတွေအပြင် Processor ပိုင်းမှာလည်း Qualcomm လိုမျိုး ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်တော့မှာပါ။