[Zawgyi]

ေမလမွာ အေမရိကန္ အစိုးရရဲ႕ ညႊန္ၾကားခ်က္နဲ႔ Google နဲ႔ Qualcomm တို႔လို ကုမၸဏီေတြဟာ သူတို႔ရဲ႕ ထုတ္ကုန္ေတြ သံုးစြဲခြင့္ကို Huawei အား ပိတ္ပင္ခဲ့ပါတယ္။ အဲဒီေနာက္မွာ Huawei ဟာ သူ႔ကိုယ္ပိုင္ OS ဖန္တီးတာကို အရွိန္ျမွင့္ခဲ့ပါတယ္။  မၾကာခင္ကေတာ့ သမၼတ ထရမ့္က Huawei နဲ႔ အေမရိကန္ ကုမၸဏီေတြ ျပန္လည္ အလုပ္လုပ္ခြင့္ေပးခဲ့ပါတယ္။ ဒါေပမယ့္ Android OS ကို Huawei ျပန္သံုးႏုိင္မလားဆိုတာ မေသခ်ာေသးပါဘူး။

အခုေတာ့ Global Times က Huawei  က HongMeng OS ပါတဲ့ ဖုန္း တစ္လံုးကို ဒီႏွစ္မွာ ေရာင္းႏိုင္တယ္လို႔ ေရးသားထားပါတယ္။ ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအၾကားမွာ ေရာင္းႏိုင္ပါတယ္။   အဲဒီ ဖုန္းဟာ ယြမ္ ၂၀၀၀ (၂၈၈ ေဒၚလာ) ေလာက္သာ ရွိနုိင္ၿပီး စြမ္းေဆာင္ရည္သင့္ ဖုန္း ျဖစ္မယ္လို႔ သိရပါတယ္။ Users ေတြနဲ႔ Developers ေတြကို စြဲေဆာင္ဖို႔အတြက္ ဒီလို ေစ်းခ်ိဳခ်ိဳနဲ႔ ေရာင္းေပးမွာ ျဖစ္ပါတယ္။  အဲဒီ ဖုန္းကို အေစာပိုင္းမွာ အေျမာက္အမ်ား ထုတ္လုပ္ေရာင္းခ်မွာ မဟုတ္ပါဘူး။

လာမယ့္ ၉ ရက္ေန႔မွာ က်င္းပမယ့္ Huawei ရဲ႕ Developer Conference မွာ HongMeng OS ကို တရား၀င္ မိတ္ဆက္ႏုိင္ပါတယ္။ တရုတ္ နည္းပညာ သတင္းဌာန 36kr.com က Huawei ဟာ HongMeng ေမာင္းႏွင္ထားတဲ့ Honor Smart TV ေတြကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေရးသားထားပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က Huawei ရဲ႕ Chairman တစ္ေယာက္ျဖစ္တဲ့ Liang Hua က Android ဟာ ကုမၸဏီရဲ႕ Devices ေတြအတြက္ ဦးစားေပး Operating System ျဖစ္ၿပီး HongMeng OS ကေတာ့ ေရရွည္ စီမံကိန္းရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ Huawei က သူ႔ရဲ႕ Device အားလံုးအတြက္ HongMeng ကို ပင္မ OS အျဖစ္ ဖန္တီးမယ္ဆိုတဲ့ သတင္းေတြေတာ့ မထြက္လာေသးပါဘူး။ ဒါေပမယ့္ အနာဂတ္မွာ အေမရိကန္ နည္းပညာ ကုမၸဏီေတြနဲ႔ လက္တြဲျဖဳတ္ရမယ့္ အေျခအေနေတြ ျဖစ္လာႏုိင္တဲ့ အတြက္ HongMeng OS ကို အရန္ အျဖစ္ Huawei က ထားထားမွာပါ။

Ref : tnw

[Unicode]

Huawei က HongMeng OS ပါတဲ့ ဖုန်းကို ဒီနှစ်မှာ ရောင်းနိုင်

မေလမှာ အမေရိကန် အစိုးရရဲ့ ညွှန်ကြားချက်နဲ့ Google နဲ့ Qualcomm တို့လို ကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေ သုံးစွဲခွင့်ကို Huawei အား ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Huawei ဟာ သူ့ကိုယ်ပိုင် OS ဖန်တီးတာကို အရှိန်မြှင့်ခဲ့ပါတယ်။ မကြာခင်ကတော့ သမ္မတ ထရမ့်က Huawei နဲ့ အမေရိကန် ကုမ္ပဏီတွေ ပြန်လည် အလုပ်လုပ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် Android OS ကို Huawei ပြန်သုံးနိုင်မလားဆိုတာ မသေချာသေးပါဘူး။

အခုတော့ Global Times က Huawei က HongMeng OS ပါတဲ့ ဖုန်း တစ်လုံးကို ဒီနှစ်မှာ ရောင်းနိုင်တယ်လို့ ရေးသားထားပါတယ်။ ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအကြားမှာ ရောင်းနိုင်ပါတယ်။ အဲဒီ ဖုန်းဟာ ယွမ် ၂၀၀၀ (၂၈၈ ဒေါ်လာ) လောက်သာ ရှိနိုင်ပြီး စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်မယ်လို့ သိရပါတယ်။ Users တွေနဲ့ Developers တွေကို စွဲဆောင်ဖို့အတွက် ဒီလို ဈေးချိုချိုနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို အစောပိုင်းမှာ အမြောက်အများ ထုတ်လုပ်ရောင်းချမှာ မဟုတ်ပါဘူး။

လာမယ့် ၉ ရက်နေ့မှာ ကျင်းပမယ့် Huawei ရဲ့ Developer Conference မှာ HongMeng OS ကို တရားဝင် မိတ်ဆက်နိုင်ပါတယ်။ တရုတ် နည်းပညာ သတင်းဌာန 36kr.com က Huawei ဟာ HongMeng မောင်းနှင်ထားတဲ့ Honor Smart TV တွေကို ထုတ်လုပ်ရောင်းချမယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က Huawei ရဲ့ Chairman တစ်ယောက်ဖြစ်တဲ့ Liang Hua က Android ဟာ ကုမ္ပဏီရဲ့ Devices တွေအတွက် ဦးစားပေး Operating System ဖြစ်ပြီး HongMeng OS ကတော့ ရေရှည် စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ Huawei က သူ့ရဲ့ Device အားလုံးအတွက် HongMeng ကို ပင်မ OS အဖြစ် ဖန်တီးမယ်ဆိုတဲ့ သတင်းတွေတော့ မထွက်လာသေးပါဘူး။ ဒါပေမယ့် အနာဂတ်မှာ အမေရိကန် နည်းပညာ ကုမ္ပဏီတွေနဲ့ လက်တွဲဖြုတ်ရမယ့် အခြေအနေတွေ ဖြစ်လာနိုင်တဲ့ အတွက် HongMeng OS ကို အရန် အဖြစ် Huawei က ထားထားမှာပါ။

Ref : tnw