Huawei ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Huawei Enjoy 7 Plus စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ စမတ်ဖုန်းကလည်း ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့အတွက် ရောင်းအားကောင်းခဲ့တဲ့ဖုန်းတစ်ခုပါ။

အခုအချိန်မှာတော့ Huawei ကနေ Enjoy 7 Plus ကို အဆင့်မြှင့်ထားတဲ့ Huawei Enjoy 7S စမတ်ဖုန်းကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ခါမှာတော့ တရုတ်ပြည်တွင်းတင်ရောင်းချသွားမှာမဟုတ်ပဲ တကမ္ဘာလုံးကိုပါ Huawei PSmart နာမည်နဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အခု Huawei ရဲ့ Enjoy 7S စမတ်ဖုန်းကို တရားဝင်မကြေငြာခင် နာမည်ကြီး Leaks Website တစ်ခုဖြစ်တဲ့ EVleaks တည်ထောင်သူ Evan Blass က သူ့ရဲ့ Twitter Account မှာ အသေးစိတ်တင်ပေးခဲ့တာဖြစ်ပါတယ်။

Evan Blass ရဲ့ အဆိုအရတော့ Huawei Enjoy 7S စမတ်ဖုန်းမှာ 5.65″ FullHD+ Resolution ရှိတဲ့ 18:9 Display ပါဝင်မှာဖြစ်ပြီးတော့ Kirin 659 Octa Core CPU နဲ့ RAM 3GB/ROM 32GB (သို့) RAM 4GB/ROM 64GB ပါဝင်မယ်လို့ သိရပါတယ်။ ကင်မရာတွေအနေနဲ့ကတော့ အနောက်ကင်မရာက 13 MP + 2 MP နဲ့ အရှေ့ဘက်မှာတော့ 8MP Camera ပါဝင်မှာဖြစ်ပါတယ်။

အခု ဒီ Huawei Enjoy 7S စမတ်ဖုန်းမှာ 3000mAh Battery နဲ့ Android 8.0 Oreo ပါဝင်မှာဖြစ်ပြီးတော့ နောက်တစ်ပတ်ထဲမှာ တရားဝင်ကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။