Huawei ကနေ Budget Series ဖုန်းတွေဖြစ်တဲ့ Y Series စမတ်ဖုန်းတွေကို အခုနောက်ပိုင်းမှာ အလေးထားပြီး ထုတ်လုပ်လာတာပဲဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံကိုလည်း Huawei Y9(2018) စမတ်ဖုန်း အသစ်ဝင်ရောက်လာသလိုပဲ Huawei Y Series စမတ်ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးဖြစ်တဲ့ Huawei Y6 (2018) ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Source: Huawei

အခု Huawei Y6 (2018) စမတ်ဖုန်းဟာဆိုရင် 5.7″ အရွယ်အစားရှိတဲ့ 18:9 Ratio HD+ Display ကို အသုံးပြုထားတာဖြစ်ပြီးတော့ Qualcomm Snapdragon 450 Processor ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ RAM အနေနဲ့တော့ 2GB ပါဝင်ပြီးတော့ Storage အနေနဲ့ 16GB ပါဝင်မှာပါ။ MicroSD Card Slot လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

Source: Huawei

Camera ပိုင်းအနေနဲ့ကတော့ Huawei Y6 (2018) ဖုန်းမှာ 13MP Back Camera နဲ့အတူ 5MP Front Camera ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ 5MP Selfie Camera မှာဆိုရင် AR Stickers တွေကို ရရှိမှာဖြစ်သလို Face Unlock စနစ်လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Source: Huawei

Huawei Y6 (2018) မှာ Battery အနေနဲ့ကတော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ EMUI 8.0 ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ Huawei Y6 (2018) ဖုန်းကို အရေင်အနေနဲ့ အဖြုရောင်၊ အပြာရောင်နဲ့ အမည်းရောင်ဆိုပြီး ထုတ်ထားမှာဖြစ်ပြီးတော့ ဈေးအနေနဲ့တော့ ဒေါ်လာ ၁၅၀ အောက်ပဲရှိမယ်လို့ သိရပါတယ်။