Huawei ကနေ အခုအချိန်မှာ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာ Budget ဖုန်းတစ်ခုဖြစ်တဲ့ Huawei Y7 Prime 2018 ကို ထပ်မံထုတလုပ်လိုက်ပါတယ်။

အခု Huawei Y7 Prime 2018 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ Huawei Y7 Prime စမတ်ဖုန်းကို အဆင့်မြှင့်ထားတာဖြစ်ပြီးတော့ 5.99″ 18:9 Ratio Display အပြင် Resolution ကလည်း Full HD+ Resolution ကို အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

Camera အနေနဲ့လည်း Dual Camera ပါဝင်လာမှာဖြစ်ပြီးတော့ 13MP + 2MP Back Camera အပြင် Front Selfie Camera ကိုလည်း 8MP Sensor တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Processor အနေနဲ့တော့ Qualcomm ရဲ့ Snapdragon 430 Processor ကို အသုံးပြုထားတာဖြစ်ပြီးတော့ RAM 3GB အပြင် 32GB Storage ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ microSD Card Slot ကိုလည်း အသုံးပြုနိုင်မှာပါ။

အခု Huawei Y7 Prime 2018 စမတ်ဖုန်းဟာ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ EMUI 8.0 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ ဖုန်းနောက်မှာတပ်ဆင်ထားမှာပါ။

ဈေးနှုန်းအနေနဲ့ကတော့ လက်ရှိ Huawei P20 Lite စမတ်ဖုန်းထက်တောင် ဈေးသက်သာဦးမှာဖြစ်တဲ့အတွက် ဒေါ်လာ ၂၀၀ အောက်ပဲရှိမယ်လို့ ယူဆရပါတယ်။