Huawei ကနေ ယခုနှစ်အတွက်ဈေးနှုန်းသက်သာပြီးတော့ အရည်အသွေးကောင်းမွန်တဲ့နောက်ထပ်စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Huawei Y9 (2018) စမတ်ဖုနးကို အသစ်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Huawei Y9 (2018) စမတ်ဖုန်းမှာ 18:9 Ratio Display ၊ Dual Camera နဲ့ ကြီးမားတဲ့ Battery တွေပါဝင်တဲ့အပြင် ဈေးနှုန်းအရလည်း သက်သာတဲ့အတွက် နောက်ထပ် Huawei ရဲ့ အရောင်းသွက်စမတ်ဖုန်းတစ်ခုဖြစ်လာဦးမှာပါ။

Huawei Y9 (2018) စမတ်ဖုန်းမှာ Full HD+ Resolution ကိုအသုံးပြုထားတဲ့ 5.93″ 18:9 Ratio Display ကို တပ်ဆင်ထားပြီး Processor ပိုင်းအနေနဲ့ Octa Core Kirin 659 Processor ၊ RAM 3GB နဲ့အတူ Storage အနေနဲ့ 32GB ပါဝင်မှာဖြစ်ပါတယ်။ Storage မလောက်တဲ့သူတွေအတွက်လည်း MicroSD Card ကနေ ထပ်မံတိုးချဲ့လို့ရမယ်လို့ သိရပါတယ်။

Huawei Y9 (2018) ဖုန်းမှာ ကင်မရာပိုင်းအနေနဲ့လည်းကောင်းမွန်ပြီးတော့ Back Camera ကို 13MP + 2MP Dual Camera နဲ့ Front Selfie Camera ကိုလည်း 16MP + 2MP Dual Camera စနစ်တွေကို အသုံးပြုထားတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် လက်ရှိမှာ ရောင်းချနေတဲ့ Huawei Nova 2i လိုစမတ်ဖုန်းထက်တောင် ကင်မရာပိုင်းပိုပြီးကောင်းမွနနေမှာဖြစ်ပါတယ်။

Huawei Y9 (2018) ရဲ့ အကောင်းဆုံးသော အချက်ကတော့ Battery ပဲဖြစ်ပါတယ်။ ဖုန်းရဲ့ အထူက 7.9mm တောင်မထူပေမယ့်လည်း Huawei အနေနဲ့ 4000mAh Battery ကိုထည့်သွင်းထားပေးတာဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း ဖုန်းရဲ့ နောက်ကျောဘက်မှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။

အခု Huawei Y9 (2018) စမတ်ဖုန်းကို Black ၊ Blue နဲ့ Gold အရောင်တွေနဲ့ ရောင်းချသွားမှာဖြစ်ပြီးဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ ဝန်းကျင်လောက်ပဲရှိမှာဖြစ်တဲ့အတွက် ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ ပြောရမှာပါ။