[Zawgyi]

တရုတ္မွာ Huawei Mate Series ေတြကို အလုအယက္ ၀ယ္ယူေနၾကပါတယ္။ Huawei က တရုတ္ႏုိင္ငံ ရွန္ဇန္မွာ Global Flagship Store ကို မေန႔ကပဲ ဖြင့္လွစ္ခဲ့ၿပီး စြမ္းေဆာင္ရည္ျမင့္ Mate 30 နဲ႔ Mate 30 Pro တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ အဲဒီ Store မွာ Mate 30 Series ေတြကို ၀ယ္ယူဖို႔ လူမ်ားစြာ တန္းစီေစာင့္ဆိုင္းေနပါတယ္။

Huawei ရဲ႕ Global Flagship Store က အလန္းစားႀကီးပါ။ အထပ္မ်ားစြာပါၿပီး အေရာင္းျပခန္းေတြက အႀကီးႀကီးပါ။ တစ္ေနရာထဲမွာ Huawei ရဲ႕ ထုတ္ကုန္ အားလံုးကို ျပသထားပါတယ္။ အဲဒီမွာ Huawei ရဲ႕ ေနာက္ဆံုးထုတ္ စမတ္ဖုန္းေတြနဲ႔အတူ စမတ္ တီဗီေတြကိုပါ ေရာင္းခ်ေပးထားပါတယ္။ ဒါတင္ မကေသးပါဘူး။ တက္ဘလက္နဲ႔ Matebook Laptops ေတြလည္း ပါပါေသးတယ္။ Huawei နဲ႔ Honor တို႔ရဲ႕ ထုတ္ကုန္ ရာဂဏန္းေက်ာ္ကို အဲဒီတစ္ေနရာထဲမွာ ၀ယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Global Flagship Store ဖြင့္ခ်ိန္နဲ႔ Mate 30 Series ေရာင္းခ်ိန္ကို ကုမၸဏီက အခ်ိန္ကိုက္ လုပ္ေဆာင္လိုက္တာ ျဖစ္ႏုိင္ပါတယ္။ ဓါတ္ပံုေတြအရ Huawei CEO Richard Yu ဟာ မေန႔က အေစာပိုင္းမွာ အဲဒီကို လာေရာက္ခဲ့ပါေသးတယ္။ တရုတ္မွာ Mate 30 Series ေတြ ပစၥည္း ျပတ္ေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။

Huawei က စက္တင္ဘာလ ၂၆ ရက္ေန႔မွာ မိခင္ႏိုင္ငံ တရုတ္မွာ စြမ္းေဆာင္ရည္ျမင့္ Mate 30 နဲ႔ Mate 30 Pro ကို ေၾကညာခဲ့ပါတယ္။ ေၾကညာတဲ့ ေန႔မွာပဲ အြန္လိုင္း ပလက္ေဖာင္းေတြကေန ေရာင္းခ်ေပးခဲ့ပါတယ္။ မၾကာခင္ကပဲ ကုမၸဏီက သူ႔ရဲ႕ တရား၀င္ အြန္လိုင္း စတိုးျဖစ္တဲ့ Vmall ကေန ၁ မိနစ္အတြင္း ယြမ္ သန္း ၅၀၀ ဖိုး ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။

Ref : gizmochina

[Unicode]

Huawei Mate 30 Series တွေကို ဝယ်ယူဖို့ တရုတ်မှာ လူများစွာ တန်းစီနေ

တရုတ်မှာ Huawei Mate Series တွေကို အလုအယက် ဝယ်ယူနေကြပါတယ်။ Huawei က တရုတ် နိုင်ငံ ရှန်ဇန်မှာ Global Flagship Store ကို မနေ့ကပဲ ဖွင့်လှစ်ခဲ့ပြီး စွမ်းဆောင်ရည်မြင့် Mate 30 နဲ့ Mate 30 Pro တို့ကို ရောင်းချပေးလိုက်ပါတယ်။ အဲဒီ Store မှာ Mate 30 Series တွေကို ဝယ်ယူဖို့ လူများစွာ တန်းစီစောင့်ဆိုင်းနေပါတယ်။

Huawei ရဲ့ Global Flagship Store က အလန်းစားကြီးပါ။ အထပ်များစွာပါပြီး အရောင်းပြခန်းတွေက အကြီးကြီးပါ။ တစ်နေရာထဲမှာ Huawei ရဲ့ ထုတ်ကုန် အားလုံးကို ပြသထားပါတယ်။ အဲဒီမှာ Huawei ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းတွေနဲ့အတူ စမတ် တီဗီတွေကိုပါ ရောင်းချပေးထားပါတယ်။ ဒါတင် မကသေးပါဘူး။ တက်ဘလက်နဲ့ Matebook Laptops တွေလည်း ပါပါသေးတယ်။ Huawei နဲ့ Honor တို့ရဲ့ ထုတ်ကုန် ရာဂဏန်းကျော်ကို အဲဒီတစ်နေရာထဲမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Global Flagship Store ဖွင့်ချိန်နဲ့ Mate 30 Series ရောင်းချိန်ကို ကုမ္ပဏီက အချိန်ကိုက် လုပ်ဆောင်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဓါတ်ပုံတွေအရ Huawei CEO Richard Yu ဟာ မနေ့က အစောပိုင်းမှာ အဲဒီကို လာရောက်ခဲ့ပါသေးတယ်။ တရုတ်မှာ Mate 30 Series တွေ ပစ္စည်း ပြတ်တော့မယ်လို့ သတင်းထွက်နေပါတယ်။

Huawei က စက်တင်ဘာလ ၂၆ ရက်နေ့မှာ မိခင်နိုင်ငံ တရုတ်မှာ စွမ်းဆောင်ရည်မြင့် Mate 30 နဲ့ Mate 30 Pro ကို ကြေညာခဲ့ပါတယ်။ ကြေညာတဲ့ နေ့မှာပဲ အွန်လိုင်း ပလက်ဖောင်းတွေကနေ ရောင်းချပေးခဲ့ပါတယ်။ မကြာခင်ကပဲ ကုမ္ပဏီက သူ့ရဲ့ တရားဝင် အွန်လိုင်း စတိုးဖြစ်တဲ့ Vmall ကနေ ၁ မိနစ်အတွင်း ယွမ် သန်း ၅၀၀ ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

Ref : gizmochina