Huawei နဲ့ Chery ရဲ့ Luxeed S9 လျှပ်စစ်ကားကို မကြာခင်က တရုတ်မှာ စမ်းသပ် မောင်းနှင်နေတာ တွေ့ရှိခဲ့ပါတယ်။ မကြာခင်က ရောင်းချခဲ့တဲ့ Luxeed S7 ပြီးနောက် S9 ဟာ Luxeed ရဲ့ ဒုတိယမြောက် မော်ဒယ် ဖြစ်ပါတယ်။ S9 ကို ၂၀၂၄ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း တရုတ်မှာ ရောင်းချနိုင်ပါတယ်။

Luxeed S9 ရဲ့ လျှို့ဝှက်အမည်က EHY ဖြစ်ပြီး Chery ရဲ့ E0X Electric ပလက်ဖောင်းကို အသုံးပြုထားပါတယ်။ အနောက်ဘက်မှာ Huawei ရဲ့ လျှပ်စစ် မော်တာ တပ်ဆင်ထားပြီး 215 kW (292 hp) Power ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ 4WD Version ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး အရှေ့ဘက်မှာ 150 kW (204 hp) ထုတ်လုပ်ပေးနိုင်တဲ့ အပို လျှပ်စစ် မော်တာ ပါပါတယ်။

S9 အတွက် ဘက်ထရီ ၃ မျိုး ထုတ်လုပ်ပေးထားပြီး LFP အတွက် 62 kWh , M3P (NMC+LFP) အတွက် 82 kWh နဲ့ NMC အတွက် 100 kWh တို့ ဖြစ်ပါတယ်။ S9 ရဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးဟာ ဘက်ထရီ အမျိုးအစား အပေါ် မူတည်ပါတယ်။

S9 ရဲ့ အပြင်ပိုင်း စတိုင်ဟာ S7 နဲ့ တူညီပြီး ပါးလွှာတဲ့ LED အရှေ့မီး တပ်ဆင်ထားပါတယ်။ စမ်းသပ် မောင်းနှင်နေတဲ့ ကားရဲ့ ခေါင်မိုးပေါ်မှာ LiDAR Sensor တပ်ဆင်ထားပြီး အနောက်ဘက်မှာ ခုံးနေတဲ့ ဒီဇိုင်း ဖြစ်ကာ LED အနောက်မီး ၁ လုံး ထည့်သွင်းထားပါတယ်။

S9 ရဲ့ အတွင်းပိုင်းကလည်း S7 နဲ့ တူညီပြီး ဘဲဥပုံ စတီယာရင် ပါပါတယ်။ အလယ်မှာ ကြီးမားတဲ့ Floating Touchscreen ၁ ခု ပါရှိပြီး အရှေ့မှာ Face ID Sensor ၁ ခု တပ်ဆင်ထားပါတယ်။

S9 ရဲ့ ဈေးနှုန်းဟာ တရုတ်မှာ Tesla Model Y နဲ့ တူညီနိုင်ပြီး Model Y ကို တရုတ်မှာ ၂၆၆,၄၀၀ ယွမ် ( ၃၇,၄၄၀ ဒေါ်လာ) နဲ့ ရောင်းချထားပါတယ်။

Ref : gizmochina