Huawei Mate X စမတ်ဖုန်းဟာ Huawei အတွက် ပထမဆုံးသော Foldable စမတ်ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကလည်း Huawei ကနေ အဆိုပါ Mate X စမတ်ဖုန်းကိုအဆင့်မြှင့်တင်ထားတဲ့ Huawei Mate Xs ဖုန်းကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Huawei ကနေ နောက်ထပ်မိတ်ဆက်မယ့် Foldable ဖုန်းမှာအသုံးပြုလာနိုင်တဲ့ နာမည်တစ်ခုကို Trademark ရယူခဲ့ပါတယ်။ အဆိုပါ နာမည်ကိုတော့ Mate V လို့ပေးထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ EUIPO (European Union Intellectual Property Office မှာ မူပိုင်ခွင့်ရယူခဲ့တာဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ဟာ Category Class 9 အနေနဲ့ သတ်မှတ်ခံထားရပြီး စမတ်ဖုန်းအပါအဝင် Electronics ပစ္စည်းတစ်ခုအောက်မှာပါဝင်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Huawei ကနေ ယခုနှစ်ကုန်ပိုင်းမှာ 120Hz Refresh Rate ပါဝင်တဲ့ Display နဲ့ Huawei Mate X2 ဖုန်းကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ယခု Huawei Mate V နာမည်နဲ့ Foldable ဖုန်းထွက်ရှိလာမယ်ဆိုရင်လည်း Huawei Mate X ပုံစံမျိုး Display ကို အနောက်ဖက်ကို ပြန်ခေါက်တဲ့ပုံစံမျိုးမဟုတ်ဘဲ တခြား Design တစ်ခုနဲ့ ထွက်ရှိလာနိုင်ပါတယ်။

ဖြစ်နိုင်ချေတစ်ခုကတော့ Huawei Mate V လို့နာမည်ပေးထားတဲ့အတွက် လက်ရှိ Galaxy Z Flip နဲ့ Motorola RAZR လိုမျိုး ခေါက်ဖုန်းလည်းဖြစ်လာနိုင်ပါတယ်။ Samsung Galaxy Z Flip ဖုန်းဟာလည်း လာမယ့် သြဂုတ်လအတွင်းမှာ Snapdragon 865+ Chipset နဲ့ 5G Version ထပ်မံထွက်ရှိလာမယ့်အတွက် Huawei ကလည်း အလားတူပုံစံထုတ်လာမယ်ဆိုရင် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ယခုသတင်းဟာ Huawei ကနေ Mate V နာမည်ကို Trademark ရယူထားတဲ့အဆင့်မှာပဲရှိသေးတဲ့အတွက် တကယ်ထွက်ရှိလာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ယခုနှစ်အတွင်းမှာ Samsung Galaxy Fold 2 ၊ Galaxy Z Flip 5G နဲ့ Huawei Mate X2 ဖုန်းတွေထွက်ရှိဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – Phone Arena