Hyundai က CES 2020 မှာ လျှပ်စစ်စွမ်းအင်သုံး မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း လုပ်နိုင်တဲ့လေယာဉ် (eVTOL) ကို နောက်ဆုံး အနေနဲ့ ပြသခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Concept လျှပ်စစ် လေယာဉ် အသစ်ကို ပြသလိုက်ပြီး ၂၀၂၈ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။

Hyundai ရဲ့ eVTOL ဌာနဖြစ်တဲ့ Supernal က S-A2 လျှပ်စစ် လေယာဉ်ဟာ ၁ နာရီကို ၁၂၀ မိုင် အမြန်နှုန်းနဲ့မောင်းနှင်နိုင်ပြီး အမြင့်ပေ ၁,၅၀၀ အထိ ပျံသန်းနိုင်တယ်လို့ ပြောပါတယ်။ အားအပြည့်သွင်းထားရင် ၂၅ မိုင်ကနေ မိုင် ၄၀ မောင်းနှင်နိုင်တဲ့ ဘက်ထရီ ထည့်သွင်းထားပါတယ်။

ကုမ္ပဏီက လေယာဉ်ဟာ အသံဆူညံမှု နည်းပါးပြီး မြေပြင် ကနေ ဝေဟင်နဲ့ ဝေဟင် ကနေ မြေပြင်ကို အတက်၊ အဆင်းလုပ်တဲ့အခါမှာ 65 Decibels နဲ့ ပျံသန်းချိန်မှာ 45dB ပဲ ထုတ်လွှင့်တယ်လို့ ပြောပါတယ်။ ပျမ်းမျှအားဖြင့် ဟယ်လီကော်ပတာတွေဟာ 96dB နဲ့ 107dB အကြား ထုတ်လွှင့်ပါတယ်။ လျှပ်စစ် လေယာဉ်တွေဟာ လေထုညစ်ညမ်းမှုနဲ့ အသံဆူညံမှုကို နည်းပါးစေတဲ့ အားသာချက်တွေလည်း ရှိပါတယ်။

လေယာဉ်မှာ ပန်ကာ ၈ လုံး တပ်ဆင်ထားပြီး ကြက်ဥပုံသဏ္ဍာန် Cabin ထည့်သွင်းထားပါတယ်။ Supernal ရဲ့ လေယာဉ် ဒီဇိုင်းဟာ Joby Aviation, Wisk Aero နဲ့ Archer Aviation တို့ရဲ့ လေယာဉ် တက္ကစီ နမူနာမော်ဒယ်တွေနဲ့ တူညီပါတယ်။

Ref : theverge