[Zawgyi]

လက္ရွိမွာ In-display Fingerprint Sensor ေတြကို Flagship နဲ႔ Upper Mid-range စမတ္ဖုန္းတခ်ိဴ႕မွာသာ ေတြ႕ျမင္ရေသးတာ ျဖစ္ပါတယ္။ အေၾကာင္းအရင္းကေတာ့ လက္ရွိမ်ိဴးဆက္ In-display Fingerprint Sensor ေတြဟာ OLED / AMOLED Display ေတြေပၚမွာပဲ အလုပ္လုပ္လို႔ ျဖစ္ပါတယ္။

OLED / AMOLED Display ေတြရဲ႕ အထူက LCD Display ေတြထက္ ပါးလႊာတာေၾကာင့္ မွန္ျပင္ေပၚက လက္ေဗြရာကို အလင္းတန္းနဲ႔ အလြယ္တကူ Recognize လုပ္ႏိုင္ပါတယ္။ LCD Display ေတြကေတာ့ အလင္းတန္းျဖတ္သန္းဖို႔အတြက္ လုံေလာက္တဲ့ ပါးလႊာမႈကို ေထာက္ပံ့ေပးႏိုင္ျခင္း မရွိပါဘူး။ ဒါ့ေၾကာင့္ LCD Display အသုံးျပဳထားတဲ့ Mid-range နဲ႔ Budget စမတ္ဖုန္းေတြဟာ In-display Fingerprint Sensor နဲ႔ အလွမ္းေဝးေနတာ ျဖစ္ပါတယ္။

ယခုအခါမွာေတာ့ BOE နဲ႔ AUO ကုမၸဏီေတြဟာ Optical In-display Fingerprint Sensor ေထာက္ပံ့ေပးႏိုင္တဲ့ LCD Display ေတြကို ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ Huawei Mate 20 Pro ဟာ BOE နဲ႔ LG တို႔ဆီက OLED Display ေတြကို မွာယူအသုံးျပဳခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ OLED Display တခ်ိဴ႕ဟာ စိမ္းဖန္႔ဖန္႔ အေရာင္မ်ား ထြက္ေပၚတဲ့ ျပႆနာေတာ့ ရွိခဲ့ဖူးပါတယ္။ ထိုင္ဝမ္ႏိုင္ငံ အေျခစိုက္ ကုမၸဏီတစ္ခုျဖစ္တဲ့ AUO ကလည္း In-display Fingerprint Sensor ျမႇပ္ထားတဲ့ ၆လက္မ မ်က္ႏွာျပင္အက်ယ္ရွိ LTPS LCD Display ကို ၿပီးခဲ့တဲ့လတုန္းက မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ LCD Display ရဲ႕ Resolution ကေတာ့ 1080 x 2340 pixels ရွိတယ္လို႔ သိရပါတယ္။

In-display Fingerprint Sensor ပါတဲ့ LCD Display နဲ႔ စမတ္ဖုန္းေတြဟာ ေစ်းကြက္ထဲကို ဘယ္အခ်ိန္ေရာက္လာမလဲဆိုတာ အတိအက် မသိရေသးေပမယ့္ Xiaomi ရဲ႕ ထုတ္ကုန္ဒါ႐ိုက္တာျဖစ္သူ Wang Teng ကေတာ့ ေနာက္ႏွစ္အေစာပိုင္း ဒါမွမဟုတ္ ဒီႏွစ္ကုန္ေလာက္မွာ ျမင္ေတြ႕ႏိုင္ေၾကာင္း ေျပာၾကားထားပါတယ္။ မည္သို႔ပင္ဆိုေစကာမူ Mid-range နဲ႔ Budget စမတ္ဖုန္းေတြမွာလည္း In-display Fingerprint Sensor ေတြကို ျမင္ေတြ႕ရေတာ့မယ္ဆိုေတာ့ အထူးပင္ ဝမ္းေျမာက္မိပါတယ္။

Ref : XDA Developer

[Unicode]

တန်ဖိုးနည်း LCD Display စမတ်ဖုန်းတွေမှာလည်း In-display Fingerprint Sensor ပါဝင်လာတော့မည်

လက်ရှိမှာ In-display Fingerprint Sensor တွေကို Flagship နဲ့ Upper Mid-range စမတ်ဖုန်းတချိူ့မှာသာ တွေ့မြင်ရသေးတာ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ လက်ရှိမျိူးဆက် In-display Fingerprint Sensor တွေဟာ OLED / AMOLED Display တွေပေါ်မှာပဲ အလုပ်လုပ်လို့ ဖြစ်ပါတယ်။

OLED / AMOLED Display တွေရဲ့ အထူက LCD Display တွေထက် ပါးလွှာတာကြောင့် မှန်ပြင်ပေါ်က လက်ဗွေရာကို အလင်းတန်းနဲ့ အလွယ်တကူ Recognize လုပ်နိုင်ပါတယ်။ LCD Display တွေကတော့ အလင်းတန်းဖြတ်သန်းဖို့အတွက် လုံလောက်တဲ့ ပါးလွှာမှုကို ထောက်ပံ့ပေးနိုင်ခြင်း မရှိပါဘူး။ ဒါ့ကြောင့် LCD Display အသုံးပြုထားတဲ့ Mid-range နဲ့ Budget စမတ်ဖုန်းတွေဟာ In-display Fingerprint Sensor နဲ့ အလှမ်းဝေးနေတာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ BOE နဲ့ AUO ကုမ္ပဏီတွေဟာ Optical In-display Fingerprint Sensor ထောက်ပံ့ပေးနိုင်တဲ့ LCD Display တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Huawei Mate 20 Pro ဟာ BOE နဲ့ LG တို့ဆီက OLED Display တွေကို မှာယူအသုံးပြုခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ OLED Display တချိူ့ဟာ စိမ်းဖန့်ဖန့် အရောင်များ ထွက်ပေါ်တဲ့ ပြဿနာတော့ ရှိခဲ့ဖူးပါတယ်။ ထိုင်ဝမ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ AUO ကလည်း In-display Fingerprint Sensor မြှပ်ထားတဲ့ ၆လက်မ မျက်နှာပြင်အကျယ်ရှိ LTPS LCD Display ကို ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ LCD Display ရဲ့ Resolution ကတော့ 1080 x 2340 pixels ရှိတယ်လို့ သိရပါတယ်။

In-display Fingerprint Sensor ပါတဲ့ LCD Display နဲ့ စမတ်ဖုန်းတွေဟာ စျေးကွက်ထဲကို ဘယ်အချိန်ရောက်လာမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် Xiaomi ရဲ့ ထုတ်ကုန်ဒါရိုက်တာဖြစ်သူ Wang Teng ကတော့ နောက်နှစ်အစောပိုင်း ဒါမှမဟုတ် ဒီနှစ်ကုန်လောက်မှာ မြင်တွေ့နိုင်ကြောင်း ပြောကြားထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ Mid-range နဲ့ Budget စမတ်ဖုန်းတွေမှာလည်း In-display Fingerprint Sensor တွေကို မြင်တွေ့ရတော့မယ်ဆိုတော့ အထူးပင် ဝမ်းမြောက်မိပါတယ်။

Ref : XDA Developer