အိန္ဒိယစမတ်ဖုန်းဈေးကွက်ဟာ ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံးဈေးကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရှုပ်ထွေးလှတဲ့ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ဒုတိယမြောက်ဈေးကွက်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ Trend သစ်တစ်ခုကို မြင်တွေ့လာရဖွယ် ရှိနေပါတယ်။

အိန္ဒိယက စမတ်ဖုန်းဝယ်ယူသူအများစုဟာ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကိုပဲ အာရုံစိုက်နေကြပါတယ်။ အကောင်းဆုံးလို့ပြောရမှာက Mid-range စမတ်ဖုန်းတွေပါပဲ။ ကမ္ဘာတစ်ဝန်းက ထိပ်တန်းစမတ်ဖုန်းဈေးကွက် သုံးခုထဲမှာ အိန္ဒိယက ဈေးသက်သာတဲ့ အမျိုးအစားတွေကိုပဲ ပိုပြီးအာရုံစိုက်နေတာဟာ လုံးဝကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

အကြောင်းရင်းကတော့ စမတ်ဖုန်းအမှတ်တံဆိပ်တွေဟာ အညံ့ဆုံးလို့ရမဲ့သတ်မှတ်ချက်တွေနဲ့ Hardware တွေပါဝင်တဲ့ Device တွေကိုပဲ အိန္ဒိယဈေးကွက်ထဲ ပို့ဆောင်ဖို့ ဖိအားပေးခံရသလို ဖြစ်နေတာကြောင့်ပါပဲ။ ဒီပြဿနာကို ရှောင်ရှားဖို့ အိန္ဒိယအစိုးရအနေနဲ့ စမတ်ဖုန်းတွေအတွက် ဈေးနှုန်းကန့်သတ်ချက်ကို သတ်မှတ်ပေးလာနိုင်တယ်လို့ သိရပါတယ်။

သတင်းတွေအရတော့ အိန္ဒိယဟာ တရုတ်နိုင်ငံက စမတ်ဖုန်းထုတ်လုပ်သူတွေကို အိန္ဒိယ ရူပီး ၁၂၀၀၀ ($150 ဝန်းကျင်) အောက် Device တွေ ရောင်းချခြင်းကို ကန့်သတ်တော့မယ်လို့ သိရပါတယ်။ ဒီလိုဈေးနှုန်း ကန့်သတ်လိုက်တာက အိန္ဒိယရဲ့ ပြည်တွင်းမိုလ်ဘိုင်းဖုန်းလုပ်ငန်း ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးနိုင်တာလည်း ဖြစ်ပါတယ်။

အိန္ဒိယ အာဏာပိုင်တွေရဲ့ ဒီလှုပ်ရှားမှုဟာ တရုတ်နိုင်ငံရဲ့ မိုလ်ဘိုင်းဖုန်းကုမ္ပဏီကြီးတွေကို နိုင်ငံရဲ့ အနိမ့်ဆုံးဈေးကွက်ကနေ ထွက်သွားဖို့ ရည်ရွယ်တာပါ။ ဈေးနှုန်းသတ်မှတ်ချက်ကြောင့် အိန္ဒိယအမှတ်တံဆိပ်တွေကို ထိခိုက်မှု ဖြစ်သွားမှာ မဟုတ်ပါဘူး။

Counterpoint ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဇွန်လ ဒုတိယသုံးလပတ်မှာ အိန္ဒိယရောင်းအားရဲ့ သုံးပုံတစ်ပုံက ဒေါ်လာ ၁၅၀ အောက် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းတွေ ရောင်းချရမှုစုစုပေါင်းရဲ့ ၈၀% က တရုတ်ကုမ္ပဏီတွေက တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။

Ref: Gizchina