အိန္ဒိယဟာ လူရဲ့ ထိန်းချုပ်မှု မပါဘဲ အာကာသစခန်းနဲ့ အာကာသယာဉ်ကို ချိတ်ဆက်နိုင်တဲ့ စတုတ္ထမြောက် နိုင်ငံ ဖြစ်လာပါတယ်။ ဒါဟာ အိန္ဒိယရဲ့ အာကာသ စီမံကိန်းမှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။
အိန္ဒိယရဲ့ အာကာသ စူးစမ်းလေ့လာရေး အဖွဲ့အစည်း ISRO ရဲ့ Space Docking Experiment (SpaDex) ဟာ ၂၂၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အာကာသယာဉ် ၂ စီးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အာကာသစခန်းနဲ့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ အဲဒီ အာကာသယာဉ်တွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အိန္ဒိယမှ Andhra Pradesh ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုကြောင့် အိန္ဒိယဟာ ဂြိုလ်တု ဝန်ဆောင်မှု၊ လကမ္ဘာမှ Sample တွေကို သယ်ဆောင်မှုနဲ့ အနာဂတ် အာကာသ ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။ အိန္ဒိယဟာ ၂၀၃၅ ခုနှစ်မှာ ကိုယ်ပိုင် အာကာသ စခန်း တည်ဆောက်ဖို့ နဲ့ ၂၀၄၀ ခုနှစ်မှာ လကမ္ဘာကို လူတွေ စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ အိန္ဒိယဟာ အာကာသ စူးစမ်းလေ့လာရေး နယ်ပယ်မှာ ကမ္ဘာ့ ထိပ်တန်း နိုင်ငံ ဖြစ်အောင် ကြိုးစားနေပါတယ်။
Ref : Tech Explorers