အိန္ဒိယက နောက်နှစ်မှာ ဖြန့်ချိမယ့် ဒစ်ဂျစ်တယ် ငွေကြေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ဒီတစ်ပတ် အစောပိုင်းက ကြေညာခဲ့ပါတယ်။ အစိုးရက ဒစ်ဂျစ်တယ် ငွေကြေးတွေကို တရားဝင် အသိအမှတ်ပြုဖို့ ပြင်ဆင်နေတဲ့အတွက် Cryptocurrency နဲ့ NFT တို့လို Virtual ပစ္စည်းတွေကို အခွန်ကောက်ဖို့ အဆိုတင်သွင်းထားပါတယ်။

Budget 2022: 30% tax on digital assets is the first step towards  regularisation - BusinessToday

စီးပွားရေး ဝန်ကြီး Nirmala Sitharaman က အိန္ဒိယ အစိုးရဟာ Virtual ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်ရာကနေရတဲ့ ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်းကို အခွန်ကောက်ယူမယ့် ဥပဒေကို အဆိုတင်သွားထားတယ်လို့ ပြောပါတယ်။

India Proposes 30% Tax on Crypto Income — Finance Minister Cites  'Phenomenal Increase' in Crypto Transactions – Regulation Bitcoin News

အိန္ဒိယ အစိုးရဟာ Cryptocurrency နဲ့ NFT တွေကို တရားဝင် လက်ခံဖို့ စီစဉ်နေတဲ့အချိန်မှာ ဒီသတင်းထွက်လာတာ ဖြစ်ပြီး အဲဒီ အရာတွေအတွက် ဥပဒေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အိန္ဒိယ ဗဟိုဘဏ်ဟာ နောက်နှစ်မှာ ဒစ်ဂျစ်တယ် ငွေကြေး အသစ် ၁ ခုကို ဖြန့်ချိဖို့ စီစဉ်နေပြီး စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။

အိန္ဒိယက ဒစ်ဂျစ်တယ် ငွေကြေးဟာ တိုင်းပြည်ရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး စနစ်အပေါ် သက်ရောက်မှုတွေကို လေ့လာနေတဲ့အတွက် ကိုယ်ပိုင် ဒစ်ဂျစ်တယ် ငွေကြေးကို လပေါင်းများစွာ ဆက်လက် စမ်းသပ်ဦးမှာ ဖြစ်ပါတယ်။

Cryptocurrency နဲ့ NFT တို့ကို နိုင်ငံတချို့က လက်ခံထားပေမယ့် နိုင်ငံတချို့ကတော့ ပိတ်ပင်ထားပါတယ်။ အိန္ဒိယဟာ အဲဒီ နည်းပညာ အသစ်တွေကို တရားဝင် လက်ခံတဲ့ နိုင်ငံ ၁ နိုင်ငံ ဖြစ်လာတော့မှာပါ။

Ref : gizmochina