[Zawgyi]

အိႏၵိယမွာ Vivo က ဒီလ ၉ ရက္ေန႔မွာ V17 ကို ခ်ျပေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၁ ပတ္က ရုရွားမွာ ေၾကညာခဲ့တဲ့ V17 နဲ႔ အလံုးစံု မတူဘဲ ကြာျခားခ်က္ေတြ ရွိႏုိင္ပါတယ္။ ရုရွားက V17 မွာ ၆.၃၈ လက္မ FHD+ AMOLED Display တပ္ဆင္ထားၿပီး Waterdrop Notch ပါပါတယ္။ မၾကာခင္က ထြက္လာတဲ့ သတင္းအရ အိႏၵိယ ေမာ္ဒယ္မွာ ၆.၄၄ လက္မ OLED Display နဲ႔ ညာဘက္ထိပ္မွာ Punch-hole ပါမယ္လို႔ သိရပါတယ္။

ရုရွားနဲ႔ အိႏၵိယ ေမာ္ဒယ္ ၂ လံုးရဲ႕ ေနာက္ထပ္ ကြဲျပားခ်က္က ရုရွား ေမာ္ဒယ္မွာ စိန္ပံုသ႑ာန္ အေနာက္ကင္မရာ ၄ လံုးပါပါတယ္။ အိႏၵိယ ေမာ္ဒယ္မွာ L ပံုသ႑ာန္ အေနာက္ကင္မရာ ၄ လံုး ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။

ဒါေပမယ့္ အိႏၵိယ ေမာ္ဒယ္ရဲ႕ ကင္မရာေတြဟာ ရုရွား ေမာ္ဒယ္နဲ႔ တူညီမယ္လို႔ သိရပါတယ္။ အဲဒီအတြက္ 48MP Main , 8MP Ultrawide , 2MP Macro နဲ႔ 2MP Depth Sensor ေတြ ပါလာမွာ ျဖစ္ပါတယ္။ အိႏၵိယ ေမာ္ဒယ္မွာ မတူတဲ့ Qualcomm Snapdragon 675 Chipset ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။ ရုရွား ေမာ္ဒယ္မွာေတာ့ Qualcomm Snapdragon 665 Chipset ပါလာတာ ျဖစ္ပါတယ္။

Vivo က V17 ေမာ္ဒယ္ ၂ လံုးကို ဘာလို႔ ထုတ္လုပ္ေရာင္းခ်သလဲဆိုတာ မသိရေသးပါဘူး။ အိႏၵိယမွာ လာမယ့္ ၉ ရက္ေန႔မွာ အဲဒီ စမတ္ဖုန္းကို မ်က္၀ါးထင္ထင္ျမင္ၾကရေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

အိန္ဒိယမှာ ရောင်းမယ့် Vivo V17 မှာ L ပုံသဏ္ဍာန် ကင်မရာ ၄ လုံးပါနိုင်

အိန္ဒိယမှာ Vivo က ဒီလ ၉ ရက်နေ့မှာ V17 ကို ချပြတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်က ရုရှားမှာ ကြေညာခဲ့တဲ့ V17 နဲ့ အလုံးစုံ မတူဘဲ ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ ရုရှားက V17 မှာ ၆.၃၈ လက်မ FHD+ AMOLED Display တပ်ဆင်ထားပြီး Waterdrop Notch ပါပါတယ်။ မကြာခင်က ထွက်လာတဲ့ သတင်းအရ အိန္ဒိယ မော်ဒယ်မှာ ၆.၄၄ လက်မ OLED Display နဲ့ ညာဘက်ထိပ်မှာ Punch-hole ပါမယ်လို့ သိရပါတယ်။

ရုရှားနဲ့ အိန္ဒိယ မော်ဒယ် ၂ လုံးရဲ့ နောက်ထပ် ကွဲပြားချက်က ရုရှား မော်ဒယ်မှာ စိန်ပုံသဏ္ဍာန် အနောက်ကင်မရာ ၄ လုံးပါပါတယ်။ အိန္ဒိယ မော်ဒယ်မှာ L ပုံသဏ္ဍာန် အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

ဒါပေမယ့် အိန္ဒိယ မော်ဒယ်ရဲ့ ကင်မရာတွေဟာ ရုရှား မော်ဒယ်နဲ့ တူညီမယ်လို့ သိရပါတယ်။ အဲဒီအတွက် 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth Sensor တွေ ပါလာမှာ ဖြစ်ပါတယ်။ အိန္ဒိယ မော်ဒယ်မှာ မတူတဲ့ Qualcomm Snapdragon 675 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ ရုရှား မော်ဒယ်မှာတော့ Qualcomm Snapdragon 665 Chipset ပါလာတာ ဖြစ်ပါတယ်။

Vivo က V17 မော်ဒယ် ၂ လုံးကို ဘာလို့ ထုတ်လုပ်ရောင်းချသလဲဆိုတာ မသိရသေးပါဘူး။ အိန္ဒိယမှာ လာမယ့် ၉ ရက်နေ့မှာ အဲဒီ စမတ်ဖုန်းကို မျက်ဝါးထင်ထင်မြင်ကြရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena