[Zawgyi]

ဟိုအရင္တုန္းကဆိုရင္ In-Display Fingerprint Sensor ေတြကို Flagship စမတ္ဖုန္းေတြသာ ျမင္ေတြ႕ရတာပါ။ ဒါေပမယ့္ ဒီေန႔ေခတ္မွာေတာ့ Premium Mid-range စမတ္ဖုန္းေတြမွာပါ ျမင္ေတြ႕ေနရပါၿပီ။ လက္ရွိ အသုံးျပဳေနတဲ့ In-display Fingerprint Sensor ေတြဟာ OLED Display ေတြမွာပဲ အလုပ္လုပ္တာပါ။ In-display Fingerprint Sensor အသုံးျပဳခ်င္တယ္ဆိုရင္ ေသခ်ာေပါက္ OLED/AMOLED Display ေတြကို တပ္ဆင္ရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ In-Display Fingerprint Sensor ပါဝင္တဲ့ စမတ္ဖုန္းေတြက သာမန္ထက္ ေစ်းအနည္းငယ္ ပိုႀကီးေနရတာ ျဖစ္ပါတယ္။

ဒီေန႔ ၾကားသိလိုက္ရတဲ့ သတင္းအရဆိုရင္ In-Display Fingerprint Sensor ပါဝင္တဲ့ စမတ္ဖုန္းေတြဟာ အရင္တုန္းကေလာက္ ေစ်းႀကီးေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ In-display Fingerprint Sensor ေတြကို Flagship နဲ႔ Premium Mid-range စမတ္ဖုန္းေတြသာမက Mid-range နဲ႔ Budget စမတ္ဖုန္းေတြမွာပါ ျမင္ေတြ႕ႏိုင္ေတာ့မယ့္ အေနအထားပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ Fortsense ကုမၸဏီက LCD Display ေတြနဲ႔ အလုပ္လုပ္ႏိုင္မယ့္ In-Display Fingerprint နည္းပညာကို ေအာင္ေအာင္ျမင္ျမင္ ဖန္တီးတီထြင္ႏိုင္ခဲ့လို႔ ျဖစ္ပါတယ္။

Fortsense ကုမၸဏီဟာ သူတို႔အေနနဲ႔ LCD Display ေတြမွာ အသုံးျပဳႏိုင္မယ့္ In-display Fingerprint နည္းပညာကို ေအာင္ျမင္စြာ ဖန္တီးတီထြင္ႏိုင္ခဲ့ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာလာခဲ့ပါတယ္။ အဆိုပါ နည္းပညာဟာ LCD Display ေပၚမွာ လက္ေဗြရာ ဖတ္ရႈ႕မွတ္သားတာကို လြယ္ကူလွ်င္ျမန္စြာ ျပဳလုပ္ႏိုင္ဖို႔အတြက္ Deep Learning Neural Network Algorithm ကို အသုံးျပဳထားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လက္ေဗြရာ ဖတ္ရႈ႕တဲ့ ျမန္ႏႈန္းဟာ သာမန္ သမာ႐ိုးက် Fingerprint Sensors ေတြရဲ႕ ျမန္ႏႈန္းကိုေတာင္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတယ္လို႔ ကုမၸဏီက ဆိုထားပါတယ္။

Ref : Gizmochina

[Unicode]

LCD Display တွေမှာ အသုံးပြုနိုင်မယ့် In-display Fingerprint Sensor ကို တီထွင်နိုင်သွားပြီ

ဟိုအရင်တုန်းကဆိုရင် In-display Fingerprint Sensor တွေကို Flagship စမတ်ဖုန်းတွေသာ မြင်တွေ့ရတာပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ Premium Mid-range စမတ်ဖုန်းတွေမှာပါ မြင်တွေ့နေရပါပြီ။ လက်ရှိ အသုံးပြုနေတဲ့ In-display Fingerprint Sensor တွေဟာ OLED Display တွေမှာပဲ အလုပ်လုပ်တာပါ။ In-display Fingerprint Sensor အသုံးပြုချင်တယ်ဆိုရင် သေချာပေါက် OLED/AMOLED Display တွေကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် In-display Fingerprint Sensor ပါဝင်တဲ့ စမတ်ဖုန်းတွေက သာမန်ထက် စျေးအနည်းငယ် ပိုကြီးနေရတာ ဖြစ်ပါတယ်။

ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းအရဆိုရင် In-display Fingerprint Sensor ပါဝင်တဲ့ စမတ်ဖုန်းတွေဟာ အရင်တုန်းကလောက် စျေးကြီးတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် In-display Fingerprint Sensor တွေကို Flagship နဲ့ Premium Mid-range စမတ်ဖုန်းတွေသာမက Mid-range နဲ့ Budget စမတ်ဖုန်းတွေမှာပါ မြင်တွေ့နိုင်တော့မယ့် အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတော့ Fortsense ကုမ္ပဏီက LCD Display တွေနဲ့ အလုပ်လုပ်နိုင်မယ့် In-display Fingerprint နည်းပညာကို အောင်အောင်မြင်မြင် ဖန်တီးတီထွင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

Fortsense ကုမ္ပဏီဟာ သူတို့အနေနဲ့ LCD Display တွေမှာ အသုံးပြုနိုင်မယ့် In-display Fingerprint နည်းပညာကို အောင်မြင်စွာ ဖန်တီးတီထွင်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ အဆိုပါ နည်းပညာဟာ LCD Display ပေါ်မှာ လက်ဗွေရာ ဖတ်ရှု့မှတ်သားတာကို လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်ဖို့အတွက် Deep Learning Neural Network Algorithm ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ဗွေရာ ဖတ်ရှု့တဲ့ မြန်နှုန်းဟာ သာမန် သမာရိုးကျ Fingerprint Sensors တွေရဲ့ မြန်နှုန်းကိုတောင် ယှဥ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

Ref : Gizmochina