Infinix Hot 40i ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး 6.6” 720×1612 90Hz LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Unisoc T606 SoC မောင်းနှင်ထားပြီး 8GB RAM ပါလာကာ 8GB Virtual RAM ၊ 256GB UFS 2.2 Storage ၊ Dual SIM Support ထည့်သွင်းထားပါတယ်။

Infinix Hot 40i lands in India with 50 MP camera, 256GB of storage

ဘေးဘက်လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ IP53 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး 18W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

Infinix Hot 40i lands in India with 50 MP camera, 256GB of storage

Infinix Hot 40i ရဲ့ အနောက်ဘက်မှာ 50MP f/1.6 ကင်မရာနဲ့ 0.08MP Auxiliary Lens တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီးအတွက် 32MP f/2.2 ကင်မရာနဲ့ LED Flash ထည့်သွင်းပေးထားပါတယ်။ Android 13 အခြေပြု XOS 13 မောင်းနှင်ထားပြီး Software Update ဘယ်လောက်ရမလဲ ဆိုတာ မသိရသေးပါဘူး။

Infinix Hot 40i ကို Flipkart ကနေ ဒီလ ၂၁ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး Starlit Black, Palm Blue, Horizon Gold, နဲ့ Starfall Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ၉,၉၉၉ ရူပီး (၄၃၀,၀၀၀ ကျပ်ဝန်းကျင်)သတ်မှတ်ထားပြီး စောစောဝယ်ယူရင် ၈,၉၉၉ ရူပီးနဲ့ ရမှာ ဖြစ်ပါတယ်။

Ref : gsmarena