လူငယ်သုံးစွဲသူများအတွက် ဖန်တီးထားသော ခေတ်မီနည်းပညာအသားပေးဖုန်း Infinix သည် ယနေ့ ShowStoppers CES 2024 တွင် ၎င်း၏ နောက်ဆုံးပေါ်နည်းပညာဖြစ်သော E-Color Shift ကို မိတ်ဆက်ပြသခဲ့သည်။ E-Color Shift သည် မိုဘိုင်းလ်ဖုန်း ကျောဘက်မျက်နှာပြင်ကို အရောင်ပြောင်းလဲစေနိုင်ပြီး စွမ်းအင်သုံးစွဲခြင်းမပြုဘဲ ယင်းအရောင်များကို ထိန်းသိမ်းထားနိုင်သည်။ Infinix သည် ၎င်း၏ AirCharge နှင့် Extreme-Temp Battery Concept ကိရိယာများဖြင့် မိုဘိုင်းလ်ဖုန်းကဏ္ဍကို ၄င်း၏ နောက်ဆုံးပေါ် အဆင့်မြင့်ဆုံးနည်းပညာကို အသုံးပြု၍ မြှင့်တင်နိုင်ရန် ဦးတည်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

“Infinix တွင် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ Gen Z သုံးစွဲသူများအတွက် သုံးစွဲသူ ဦးစားပေး ဖြေရှင်းချက်များအား ပေးအပ်ရန် ကတိက၀တ်ပြုပါသည်။ ကျွန်ုပ်တို့သည် ဆော့ဖ်ဝဲလ်အပလီကေးရှင်းတစ်ခု၏ အကူအညီဖြင့် သုံးစွဲသူများအတွက် ဖြစ်နိုင်ခြေရှိသော စိတ်ကြိုက်ဖန်တီးမှုများကို လေ့လာရှာဖွေလျက်ရှိပြီး ဧရိယာတစ်ခုစီတွင် အရောင်အမျိုးမျိုး ပါ၀င်ပြီး ဟာ့ဒ်ဝဲပေါ်တွင် စိတ်ကြိုက်ပြင်ဆင်နိုင်သော ဧရိယာ ၆၀ အထိ ပံ့ပိုးပေးပါသည်။ အသုံးပြုသူများသည် ကုဗတုံးသဏ္ဍာန် ပုံဆောင်ခဲများဖြင့် အချိန်၊ စိတ်ခံစားချက်နှင့် အခြားအကြောင်းအရာများကို ပုံဖော်ပြသခြင်းဖြင့် ၎င်းတို့၏ ဖုန်းနောက်ကျောမျက်နှာပြင်ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ဤအချက်ကြောင့် အသုံးပြုသူများအနေဖြင့် ထူးခြားသောဒီဇိုင်းများ၊ သစ်လွင်တောက်ပသော အရောင်များဖြင့် ၎င်းတို့၏ ပင်ကိုယ်စရိုက်လက္ခဏာနှင့် စိတ်ခံစားချက်ကို ပြသနိုင်သည်။ ဤအချက်သည် “သာမန်အရောင်ပြောင်းလဲမှုထက် သာလွန်သည့်အပြင် သုံးစွဲသူ၏ မိုဘိုင်းလ်ဖုန်းကိုလည်း လန်းဆန်းတက်ကြွသော အသွင်အပြင်မျိုး ပေးစွမ်းနိုင်သည်” ဟု Infinix Mobility မှ လက်ထောက်အထွေထွေမန်နေဂျာ Liang Zhang က ပြောကြားခဲ့သည်။

စိတ်၀င်စားဖွယ် ဖုန်း၏ နောက်ကျောဖုံးမျက်နှာပြင်ကို စိတ်ကြိုက်ဖန်တီးခြင်း
E Ink Prism™ 3 ပါ၀င်သည့် Infinix ၏ E-Color Shift နည်းပညာသည် ဖုန်း၏ ကျောမျက်နှာပြင်ကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ကြိုက်ဖန်တီးခြင်းဖြင့် စမတ်ဖုန်း၏ နောက်ကျောမျက်နှာပြင်ကို စိတ်တိုင်းကျ ပြင်ဆင်နိုင်သည် ။ ဤနည်းပညာသည် အပေါင်း/အနုတ်လက္ခဏာဆောင်သော အရောင်ဒြပ်မှုန်များဖြင့် ဖွဲ့စည်းတည်ဆောက်သော microstructure ကို အသုံးပြုထားခြင်းဖြစ်သည်။ မတူညီသောဗို့အားများကို အသုံးချခြင်းဖြင့် microstructure အတွင်းရှိ လျှပ်စစ်စက်ကွင်းသည် ပြောင်းလဲသွားခြင်းဖြင့် သက်ဆိုင်ရာ အရောင်အမှုန်များကို ရွေ့လျားစေပြီး လိုချင်သော အရောင်များကို ပြသစေသည်။ ဤဆန်းသစ်သော နည်းလမ်းသည် ဖုန်း၏အခွံအား ‘အရေခွံ’ လဲသကဲ့သို့ အလိုအလျောက် ပြောင်းလဲစေပြီး စွမ်းအင်များများစားစား သုံးစရာမလိုပေ။

အနှိုင်းမဲ့ အားသွင်းမှုနှင့် ပတ်၀န်းကျင်မရွေးသော စွမ်းဆောင်ရည်
Infinix သည် Infinix AirCharge နှင့် Extreme-Temp Battery ကဲ့သို့သော ၎င်း၏ နောက်ဆုံးပေါ်နည်းပညာများကို မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ Infinix ၏ AirCharge တွင် ဆန်းသစ်သော multi-coil သံလိုက်ပဲ့တင်ရိုက်ခတ်မှုနှင့် လိုက်လျောညီထွေရှိသော အယ်လဂိုရီသမ်များကို အသုံးပြုထားပြီး ကြိုးမဲ့အားသွင်းမှုစနစ်သည် ၂၀ စင်တီမီတာနှင့် ၆၀ ဒီဂရီအထိ သက်ရောက်မှုရှိသည်။ 6.78 MHz အောက် ကြိမ်နှုန်းကြောင့် လုံခြုံစိတ်ချရပြီး 7.5W အကာအကွယ် ဆားကစ်များ ပါဝင်သည်။ ဤနည်းပညာသည် သုံးစွဲသူများအနေဖြင့် ဂိမ်းကစားခြင်း သို့မဟုတ် ဗီဒီယိုကြည့်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအတွက် စားပွဲအောက်တွင် ဖုန်းကို အဆင်ပြေစွာ အားသွင်းနိုင်စေသည့်အတွက် သမားရိုးကျ အားသွင်းစနစ်ထက် သာလွန်ကောင်းမွန်သည်။

ထိပ်တန်းနည်းပညာ ပံ့ပိုးသူများနှင့် ပူးပေါင်း၍ Infinix သည် Extreme-Temp Battery ကို မိတ်ဆက်ခြင်းဖြင့် အအေးလွန်ကဲခြင်းကြောင့် ဖြစ်ရသော မိုဘိုင်းဖုန်းဘက်ထရီ ချို့ယွင်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ၎င်း၏ လျှပ်ကူးပစ္စည်းတွင် biomimetic electrolyte နှင့် fusion solid-state နည်းပညာတို့ကို ပေါင်းစပ်ထားသည့် ဆန်းသစ်တီထွင်ထားသော ဘက်ထရီသည် -40°C အထိ အပူချိန်နိမ့်သည့် အခြေအနေတွင်ပင် ချောမွေ့စွာ လည်ပတ်နိုင်သည်။ -40°C မှ 60°C အတွင်း အားသွင်းနိုင်မှုနှင့်အတူ၊ Extreme-Temp Battery သည် အေးသောပတ်ဝန်းကျင်တွင် ယုံကြည်စိတ်ချရသော စွမ်းဆောင်ရည်နှင့် ခံနိုင်ရည်အား သေချာစေပြီး ပုံမှန်ဘက်ထရီများတွင် ကြုံတွေ့ရလေ့ရှိသော လစ်သီယမ်-အိုင်းယွန်း အေးခဲခြင်း ပြဿနာကို ကျော်လွှားနိုင်စေပါသည်။

ထို့အပြင် Infinix သည် ၎င်း၏ ပထမဆုံး ‘Infinix Carpool Show’ ကို မိတ်ဆက်ခဲ့ပြီး အဆိုပါပွဲတွင် ထင်ရှားသော နည်းပညာနှင့် Lifestyle Influencers များကို ၄င်း၏ အားသွင်းစနစ်နည်းပညာနှင့် အခြား ဖန်တီးဆန်းသစ်မှုများကို CES 2024 မတိုင်မီ ကိုယ်တိုင် လေ့လာခံစားခွင့်ပြုခဲ့သည်။ ဤစီးရီးကို CES 2024 ကာလတွင် Infinix ၏ တရားဝင် အပြည်ပြည်ဆိုင်ရာ လူမှုကွန်ယက် ပလက်ဖောင်းများတွင် ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။

Media release: Infinix