Infinix က ဈေးနှုန်းသင့်တင့်ချိုသာတဲ့ Note 40 Pro+ 5G ကို ကြေညာလိုက်ပါတယ်။ ဒါဟာ Pro+ အမည်ပါတဲ့ ပထမဆုံး Infinix Note ဖုန်း ဖြစ်ပါတယ်။

Infinix Note 40 series announced with curved OLED displays, 108MP cameras

Infinix Note 40 Pro+ 5G မှာ Dimensity 7020 6nm Chip ထည့်သွင်းထားပြီး 12GB RAM ပါတဲ့အပြင် Virtual RAM နဲ့ RAM ကို ၂ ဆ တိုးမြှင့်နိုင်ပါတယ်။ 6.78” FHD+ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။

Infinix Note 40 series announced with curved OLED displays, 108MP cameras

အနောက်ဘက်မှာ 108MP Main (OIS, 3x In-sensor Zoom) ပါလာပြီး အားနည်းချက်က 4K Video မရိုက်နိုင်ပါဘူး။ တခြား ကင်မရာ ၂ လုံးက 2MP တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 32MP ကို သုံးထားပါတယ်။

Infinix Note 40 Pro+ 5G at a glance

4,500mAh Battery ထည့်သွင်းထားပြီး ၁၂ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်း ပြည့်ပါတယ်။ ၅ မိနစ်အားသွင်းရင် ၃ နာရီ ဂိမ်းကစားနိုင် သို့မဟုတ် ၇ နာရီ ဗီဒီယို ကြည့်နိုင်ပါတယ်။ 45W Wired Charging အပြင် 20W Wireless Charging လည်း ပါပါတယ်။

IP53 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Vintage Green နဲ့ Obsidian Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena