[Zawgyi]

ေဟာင္ေကာင္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Infinix ဟာ ဘတ္ဂ်က္ စမတ္ဖုန္းသစ္ျဖစ္တဲ့ Infinix S5 ကို ပြဲထုတ္လိုက္ပါတယ္။ Infinix S5 ဟာ 6.6-inch အ႐ြယ္အစား မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး HD+ လည္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးအစားကေတာ့ 20:9 ျဖစ္ပါတယ္။

Infinix S5 ဟာ Punch-hole နဲ႔ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွာ Punch-hole နဲ႔အတူ 32MP selfie ကင္မရာတစ္လုံး ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ ေက်ာဘက္မွာေတာ့ သမား႐ိုးက် Fingerprint scanner ရွိပါတယ္။ ဒါေပမယ့္ ေက်ာဘက္ကင္မရာ ေတြကေတာ့ ဘတ္ဂ်က္ဖုန္းတစ္လုံးအတြက္ စိတ္ဝင္စားစရာပါ။

Infinix S5 ရဲ႕ေက်ာဘက္ကင္မရာဟာ ၃ လုံးအထိရွိပါတယ္။ 16MP အဓိက ကင္မရာကို 5MP ultrawide, 2MP depth နဲ႔Low-light sensor တို႔ေပါင္းစပ္ထားတာျဖစ္ပါတယ္။ 5MP unit ဟာ Macro shot လည္း ႐ိုက္ကူးႏိုင္ၿပီး 2.5cm အထိ အနီးကပ္႐ိုက္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Micro ဗီဒီယိုကိုလည္း ႐ိုက္ကူးႏိုင္တယ္လို႔ သိရပါတယ္။

အတြင္းပိုင္းမွာေတာ့ Infinix S5 ကို Heilo P22 SoC အသုံးျပဳထားတာကို ေတြ႕ရပါတယ္။ RAM ကေတာ့ 4GB ျဖစ္ပါတယ္။ သိုေလွာင္မႈပမာဏကို 64GB ထည့္သြင္းေပးထားၿပီး MicroSD နဲ႔လည္း 256GB အထိ ခ်ဲ႕ထြင္ႏိုင္ပါတယ္။ ဘက္ထရီပမာဏကေတာ့ 4,000mAh ျဖစ္ၿပီး Quetzal Cyan နဲ႔ Violet ဆိုၿပီး အေရာင္ ႏွစ္ေရာင္ ရရွိႏိုင္ပါတယ္။ ေဈးႏႈန္းက $125 (ျမန္မာေငြ ၁ သိန္း ၉ ေသာင္းဝန္းက်င္) ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Heilo P22, 4GB of RAM နဲ့ Infinix S5 ၁ သိန်း ၉ သောင်းဝန်းကျင်နဲ့ အိန္ဒိယမှာ ရောင်းချ

ဟောင်ကောင်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Infinix ဟာ ဘတ်ဂျက် စမတ်ဖုန်းသစ်ဖြစ်တဲ့ Infinix S5 ကို ပွဲထုတ်လိုက်ပါတယ်။ Infinix S5 ဟာ 6.6-inch အရွယ်အစား မျက်နှာပြင်နဲ့ဖြစ်ပြီး HD+ လည်း ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးအစားကတော့ 20:9 ဖြစ်ပါတယ်။

Infinix S5 ဟာ Punch-hole နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ 32MP selfie ကင်မရာတစ်လုံး ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ သမားရိုးကျ Fingerprint scanner ရှိပါတယ်။ ဒါပေမယ့် ကျောဘက်ကင်မရာ တွေကတော့ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် စိတ်ဝင်စားစရာပါ။

Infinix S5 ရဲ့ကျောဘက်ကင်မရာဟာ ၃ လုံးအထိရှိပါတယ်။ 16MP အဓိက ကင်မရာကို 5MP ultrawide, 2MP depth နဲ့Low-light sensor တို့ပေါင်းစပ်ထားတာဖြစ်ပါတယ်။ 5MP unit ဟာ Macro shot လည်း ရိုက်ကူးနိုင်ပြီး 2.5cm အထိ အနီးကပ်ရိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Micro ဗီဒီယိုကိုလည်း ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

အတွင်းပိုင်းမှာတော့ Infinix S5 ကို Heilo P22 SoC အသုံးပြုထားတာကို တွေ့ရပါတယ်။ RAM ကတော့ 4GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကို 64GB ထည့်သွင်းပေးထားပြီး MicroSD နဲ့လည်း 256GB အထိ ချဲ့ထွင်နိုင်ပါတယ်။ ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပြီး Quetzal Cyan နဲ့ Violet ဆိုပြီး အရောင် နှစ်ရောင် ရရှိနိုင်ပါတယ်။ ဈေးနှုန်းက $125 (မြန်မာငွေ ၁ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena