အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ ဓါတ်ပုံရိုက်တဲ့အချိန်မှာ အရှေ့က လူ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကိုပဲ Focus ဖြတ်ယူပြီး ကျန်တဲ့နောက်ခံ Background ကို ဝေဝါးအောင် လုပ်တဲ့ Feature ကို အသုံးများလာကြပါတယ်။

အဆိုပါ Feature ကို အများစုကတော့ Portrait Mode လို့ ခေါ်ဆိုပြီးတော့ များသောအားဖြင့် Dual Camera ပါဝင်တဲ့ စမတ်ဖုန်းတွေမှာပဲ အသုံးပြုလို့ရတာဖြစ်ပါတယ်။ အချို့ကလည်း Single Camera ကိုပဲ Software နဲ့ ထည့်သွင်းပေးကြပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး ကင်မရာမှာ Portrait ရိုက်ကူးနိုင်တဲ့ စမတ်ဖုန်းတွေက အလွန်နည်းပါးနေသေးပြီး များသောအားဖြင့် High End ဖုန်းတွေပဲများနေပါသေးတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ Instagram ကနေ ဘယ်ဖုန်းမဆို Portrait Mode နဲ့ ရိုက်ကူးနိုင်တဲ့ Feature ကို ထည့်သွင်းပေးလိုက်ပြီပဲဖြစ်ပါတယ်။

အခု Feature ကို “Focus” လို့ ခေါ်ဆိုပြီးတော့ Instagram ရဲ့ Camera Feature တစ်ခုဖြစ်တဲ့ Superzoom ဘေးမှာရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါ Mode အသစ်နဲ့ ရိုက်မယ်ဆိုရင် လူကိုရိုက်လိုက်တာနဲ့ အဆိုပါ သူရဲ့ နောက်ခံ Background ကို အလိုအလျောက်ဝါးပေးသွားမှာဖြစ်ပါတယ်။

အခု Focus Feature ဟာ Apple iPhone တွေအကုန်လုံးနဲ့ အချို့သော Android စမတ်ဖုန်းတွေမှာ ရရှိနေပြီဖြစ်ပြီး မကြာခင်မှာ စမတ်ဖုန်းအားလုံးရရှိနိုင်မယ်လို့ သိရပါတယ်။