[Zawgyi]

Instagram ဟာ ၿပီးခဲ့တဲ့ ရက္တုန္းက သူ႔ရဲ႕ User ေတြအတြက္ Update သစ္ လာေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒီ Update သစ္က Profile မွာရွိတဲ့ Icon အခ်ိဳ႕ကို ရွင္းထုတ္ပစ္လိုက္ၿပီး အဲဒီေနရာမွာ ႐ိုးစင္းတဲ့ စာသားေတြကိုပဲ ျပန္လည္ အစားထိုးထည့္သြင္းလိုက္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ Tab တိုင္းအတြက္လည္း Icon အစားသင့္ေတာ္တဲ့ စာသားနဲ႔ပဲ ရွင္းလင္းစြာ အၫႊန္းတပ္ထားလိုက္တာ ျဖစ္ပါတယ္။ ဒီလိုလုပ္လိုက္တဲ့အတြက္ အသုံးျပဳသူေတြအေနနဲ႔ အျမင္မွာလည္း ရွင္းလင္းသြားသလို Tab Icon ေတြရဲ႕ ဆိုလိုရင္း အဓိပၸါယ္ကိုလည္း လြယ္လြယ္နဲ႔ သိသြားၾကမွာ ျဖစ္ပါတယ္။

Instagram ဟာ အသုံးျပဳသူေတြအေနနဲ႔ ကိုင္တြယ္ရ ပိုမိုလြယ္ကူသြားေစဖို႔ အားထုတ္ေနတာလည္း ျဖစ္ပါတယ္။ ဘယ္သူမဆို Instagram App ကို လြယ္ကူစြာနဲ႔ အသုံးျပဳႏိုင္ေအာင္ ရည္႐ြယ္ၿပီး ျပင္ဆင္မႈကို ျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။ ဒီဇိုင္းသစ္က Profile ကို အေျချပဳၿပီး သြင္ျပင္ပုံစံေတြကို ေျပာင္းလဲလိုက္တာပါ။

Profile Icon က ညာဘက္မွာျဖစ္ၿပီး Follower Count ကလည္း ထိပ္ဆုံးမွာ ဆက္ၿပီးရွိေနေတာ့မွာ မဟုတ္ပါဘူး။ ဒီလိုမွမဟုတ္ရင္ Instagram ဟာ Post Count ကို Profile View မွာ ဆက္မထားေတာ့ဘဲ ေျပာင္းလိုက္မွာ ျဖစ္ပါတယ္။ Description ကလည္း Profile Icon ရဲ႕ ဘယ္ဘက္မွာ တိုက္႐ိုက္ပဲ ထားရွိေတာ့မွာ ျဖစ္ပါတယ္။

Profile ရဲ႕ Follower View ကလည္း ကြဲျပားျခားနားသြားၿပီ ျဖစ္ပါတယ္။ Profile ရဲ႕ Followers List ရဲ႕ထိပ္မွာ Mutual ကို ျပတာထက္ Mutual Friends ကို ရည္ၫႊန္းတဲ့ Tab ကိုပဲ သုံးေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီလို ျပင္ဆင္ေနတယ္ဆိုတဲ့အေၾကာင္းကိုပဲ အသိေပးထားေသးတာျဖစ္ပါတယ္။ ေနာက္ဆုံး အၿပီးသတ္ဒီဇိုင္းကေတာ့ အသုံးျပဳသူေတြဆီက တုံ႔ျပန္ခ်က္ေတြကို ရယူၿပီး ျပန္ျပင္ဆင္ၿပီးမွ ထြက္လာမွာလို႔ သိရပါတယ္။

Ref: GSMarena[Unicode]

Instagram ဟာ ပြီးခဲ့တဲ့ ရက်တုန်းက သူ့ရဲ့ User တွေအတွက် Update သစ် လာတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီ Update သစ်က Profile မှာရှိတဲ့ Icon အချို့ကို ရှင်းထုတ်ပစ်လိုက်ပြီး အဲဒီနေရာမှာ ရိုးစင်းတဲ့ စာသားတွေကိုပဲ ပြန်လည် အစားထိုးထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် Tab တိုင်းအတွက်လည်း Icon အစားသင့်တော်တဲ့ စာသားနဲ့ပဲ ရှင်းလင်းစွာ အညွှန်းတပ်ထားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ အမြင်မှာလည်း ရှင်းလင်းသွားသလို Tab icon တွေရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း လွယ်လွယ်နဲ့ သိသွားကြမှာ ဖြစ်ပါတယ်။

Instagram ဟာ အသုံးပြုသူတွေအနေနဲ့ ကိုင်တွယ်ရ ပိုမိုလွယ်ကူသွားစေဖို့ အားထုတ်နေတာလည်း ဖြစ်ပါတယ်။ ဘယ်သူမဆို Instagram app ကို လွယ်ကူစွာနဲ့ အသုံးပြုနိုင်အောင် ရည်ရွယ်ပြီး ပြင်ဆင်မှုကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒီဇိုင်းသစ်က Profile ကို အခြေပြုပြီး သွင်ပြင်ပုံစံတွေကို ပြောင်းလဲလိုက်တာပါ။

Profile Icon က ညာဘက်မှာဖြစ်ပြီး Follower count ကလည်း ထိပ်ဆုံးမှာ ဆက်ပြီးရှိနေတော့မှာ မဟုတ်ပါဘူး။ ဒီလိုမှမဟုတ်ရင် Instagram ဟာ Post count ကို Profile View မှာ ဆက်မထားတော့ဘဲ ပြောင်းလိုက်မှာ ဖြစ်ပါတယ်။ Description ကလည်း Profile icon ရဲ့ ဘယ်ဘက်မှာ တိုက်ရိုက်ပဲ ထားရှိတော့မှာ ဖြစ်ပါတယ်။

Profile ရဲ့ Follower view ကလည်း ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။ Profile ရဲ့ Followers list ရဲ့ထိပ်မှာ Mutual ကို ပြတာထက် Mutual friends ကို ရည်ညွှန်းတဲ့ Tab ကိုပဲ သုံးတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလို ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းကိုပဲ အသိပေးထားသေးတာဖြစ်ပါတယ်။ နောက်ဆုံး အပြီးသတ်ဒီဇိုင်းကတော့ အသုံးပြုသူတွေဆီက တုံ့ပြန်ချက်တွေကို ရယူပြီး ပြန်ပြင်ဆင်ပြီးမှ ထွက်လာမှာလို့ သိရပါတယ်။

Ref: GSMarena