စီအီးအို Adam Mosseri က Instagram လူမှုကွန်ရက်မှာ NFTs or Non-fungible Token နည်းပညာ ထည့်သွင်း အသုံးပြုဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ Instagram မှာ ပြုလုပ်တဲ့ Ask-me-everything(AMA) မှာ သူက ဖြေဆိုလိုက်တာ ဖြစ်ပြီး NFTs ကို လူတွေတွင်တွင်ကျယ်ကျယ် အသုံးပြုအောင် ပြုလုပ်ချင်တယ်လို့ ပြောပါတယ်။

Instagram Is 'Exploring NFTs' to 'Make Them More Accessible to a Wider Audience,' Says CEO

Adam Mosseri ကို NFTs အကြောင်းမေးမြန်းရာမှာ “ လက်ရှိမှာ NFTs အကြောင်း တရားဝင် ကြေညာစရာ မရှိသေးပါဘူး။ဒါပေမယ့် NFTs ကို Instagram မှာ ထည့်သွင်းနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေပြီး လူတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးချင်ပါတယ်။ NFTs ဟာ စိတ်ဝင်စားစရာကောင်းတဲ့ နယ်ပယ် ဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်နိုင်သလို ရင်းနှီးမြှပ်နှံနိုင်ပါတယ်။ Creator တွေကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ “ လို့ ဖြေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလမှာ Instagram ဟာ နှစ်စဉ်ကျင်းပတဲ့ “Creator Week” မှာ Non-fungible Token နဲ့ NFTs ဖန်တီးသူတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဇူလိုင်လမှာ Software Developer Alessandro Paluzzi က NFTs နယ်ပယ်ထဲ ဝင်ရောက်ဖို့ Instagram ရဲ့ အစီအစဉ်တွေကို Screenshot တွေနဲ့ မျှဝေခဲ့ပါတယ်။ ဒါ့အပြင် သူက Instagram App ထဲမှာ NFTs Collectible တွေကို လေလံဆွဲနိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ အထောက်အထားတွေကို မျှဝေခဲ့ပါတယ်။

Instagram ဟာ NFTs တွေကို စိတ်ဝင်စားနေတယ်ဆိုတာကလွဲပြီး အသေးစိတ် သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ အနာဂတ်မှာ NFTs တွေဟာ လူမှုကွန်ရက် နယ်ပယ်ကို လွှမ်းမိုးလာနိုင်ပါတယ်။

Ref : news.bitcoin