Meta ရဲ့ CEO & Co-founder ဖြစ်တဲ့ Mark Zuckerberg ဟာ အခုအချိန်မှာ Virtual World တစ်ခုဖြစ်တဲ့ Metaverse အတွက် ဆက်တိုက်ကို ကြိုးစားနေတာဖြစ်ပါတယ်။ ဒီလိုမျိုး Metaverse လို့ဆိုလိုက်တာနဲ့အတူ Cryptocurrency အပြင် အခုနောက်ပိုင်း ခေတ်စားလာတဲ့ Non-fungible Token (NFT) တွေကလည်း ပါဝင်လာမှာဖြစ်ပါတယ်။

အခုလည်း Mark Zuckerberg ကနေ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ South by Southwest Conference မှာ NFT နဲ့ ပတ်သက်ပြီးသတင်းတစ်ခုကို ပြောကြားခဲ့ပါတယ်။ ဒါကတော့ Instagram အသုံးပြုသူတွေဟာ NFT တွေကို Mint ပြုလုပ်နိုင်တော့မှာဖြစ်ပြီး NFT Marketplace တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးလည်း Mark Zuckerberg ကနေ NFT တွေဟာ မကြာတော့မယ့်အချိန်တစ်ခုအတွင်းမှာ Instagram ထဲမှာ ပါဝင်လာတော့မယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ အသေးစိတ်ကို ပြောကြားဖို့ စောသေးတယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Mark Zuckerberg ဟာ လက်ရှိ Metaverse ထဲမှာ အသုံးပြုနိုင်တဲ့ အဝတ်အစားတွေကိုလည်း NFT အနေနဲ့ Mint ပြုလုပ်နိုင်ဖို့ကို မျှော်လင့်နေပြီး တခြားသော Cryptocurrency နဲ့ပတ်သက်တဲ့ Feature တွေအများအပြားကို လက်ရှိ Social Media Platform တွေကို ယူဆောင်လာဖို့ရှိနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Instagram လိုမျိုး အောင်မြင်နေတဲ့ Social Media Platform တစ်ခုဟာ NFT Marketplace အနေနဲ့ ဖြစ်လာမယ်ဆိုရင် အောင်မြင်နိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Fortune