Instagram ဟာ Facebook က ပိုင်ဆိုင်တဲ့ ဓိတ်ပုံတွေအဓိကတင်တဲ့ Social Media တစ်ခုဖြစ်ပြီးတော့ အခုအချိန်မှာ Instagram ဟာ အကောင်းစား Feature တစ်ခုကို Update ရရှိသွားပြီဖြစ်ပါတယ်။

အဲ့ဒါကတော့ သာမန်လူတွေရဲ့ Instagram Account တွေကို Follow လုပ်သလိုမျိုးပဲ Hashtag (#) နဲ့ ရေးသားထားတဲ့ စာသားတွေကိုပါ Follow ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။

အခုလိုမျိုး Hashtag တွေကို Follow ပြုလုပ်ထားနိုင်တာက Instagram မှာ ဖြစ်ပေါ်နေတဲ့ Trend တွေကို အစဉ်အမြဲ သိနေနိုင်မှာဖြစ်ပြီးတော့ Post တွေတင်တဲ့အချိန်မှာလည်း Hashtag ကို ပိုပြီး အသုံးများလာမှာဖြစ်ပါတယ်။

အခုလိုမျိုး Hashtag တွေကို Follow လုပ်တာက ကိုယ့် Instagram Account မှာရှိတဲ့ Following Section မှာ ပေါ်နေမှာဖြစ်ပြီးတော့ People နဲ့ Hashtags ဆိုပြီး ၂ ခုခွဲထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Hashtag တစ်ခုကို Unfollow ပြုလုပ်ချင်တယ်ဆိုရင်လည်း အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။