Instagram ရဲ့ Android app ဟာ လူကြိုက်များတယ်ဆိုပေမဲ့ iOS နဲ့ယှဉ်လိုက်ရင်တော့ နိမ့်ကျနေဆဲလို့ ပြောလို့ရပါတယ်။ သူ့ရဲ့ Built-in ကင်မရာက iPhone မှာလို တူညီတဲ့ရုပ်ပုံအရည်အသွေးကို မပေးနိုင်ပါဘူး။ အထူးသဖြင့် Foldable မှာ မတူညီတဲ့မျက်နှာပြင်အရွယ်အစားတွေနဲ့ လိုက်ဖက်ညီတဲ့ ပြဿနာတွေ ရှိနေတာပါ။

ကံမကောင်းတာကတော့ ဒီပြဿနာတွေဟာ အသစ်အဆန်းလည်းမဟုတ်သလို Meta ကလည်း ဖြေရှင်းနိုင်ခြင်းမရှိသေးတာပါပဲ။ Android ပေါ်က Instagram အသုံးပြုသူတွေဟာ သူတို့ရဲ့ Feed ကို လပိုင်းအထိ ဆွဲချသွားတဲ့အခါမှာ Random freezes ဖြစ်တာမျိုးနဲ့လည်း ကြုံတွေ့နေရပါတယ်။ ဒါကိုလည်း ပြုပြင်မဲ့စာရင်းထဲ ထည့်၊ မထည့် မကျိန်းသေသေးပါဘူး။

၂၀၂၁ ခုနှစ်အတွင်းမှာ Reddit နဲ့ အခြားဖိုရမ်တွေပေါ်မှာ Instagram နဲ့ပတ်သက်တဲ့ ပြဿနာအကြောင်းကို သတင်းပေးပို့မှုတွေ ရှိခဲ့ပါတယ်။ ဒီပြဿနာက Android သုံးစွဲသူတွေကြုံတွေ့ရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလည်း အလားတူပြဿနာရှိခဲ့ပြီး တိုင်ကြားမှုလည်း အများအပြားရှိခဲ့ပါတယ်။ အခုလည်း အလားတူ ပြဿနာကို ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

Android Police ရဲ့ တည်ထောင်သူ Artem Russakovskii က ဒီလထဲမှာ Bug ကို အတော်ကြာကြာကြုံတွေ့နေရပြီး တွစ်တာတုံ့ပြန်မှုတွေအရ အလားတူပြဿနာကြုံတွေ့နေရတဲ့ တစ်လှေတည်းစီးအသုံးပြုသူတွေရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှောင်းပိုင်းကတည်းက Android 11 ဒါမှမဟုတ် Android 12 သုံးထားတဲ့ Samsung, OnePlus နဲ့ Xiaomi ဖုန်းအမျိုးမျိုးမှာ ဒီပြဿနာကို ကြုံခဲ့ကြရပါတယ်။

ဒီပြဿနာကို ယာယီဖြေရှင်းနည်းကတော့ ဗီဒီယိုကို ပြန်မသွားခင်မှာ အရင်ဦးဆုံးကျော်သွားလိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာစိတ်ပျက်စရာအတွေ့အကြုံတစ်ခုဖြစ်တယ်ဆိုတာတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ပြဿနာက သိပ်ပြီးကြီးကြီးမားမားမဖြစ်တာကြောင့် Instagram ရဲ့ အာရုံစိုက်မှုကို အခုထိမဖမ်းစားနိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။

Ref: Android Police