NFT ဖန်တီးသူနဲ့ စုဆောင်းသူတွေဟာ သူတို့ရဲ့ Token တွေကို Instagram မှာ မကြာခင် ပြသလို့ရတော့မှာ ဖြစ်ပါတယ်။ Meta CEO Mark Zuckerberg က ကုမ္ပဏီဟာ Instagram မှာ NFT တွေကို စမ်းသပ်တော့မှာ ဖြစ်ပြီး အလားတူလုပ်ဆောင်ချက်ကို မကြာခင် Facebook မှာ ရတော့မယ်လို့ ပို့စ် ၁ ခုကနေ အတည်ပြုလိုက်ပါတယ်။

Instagram အကြီးအကဲ Adam Mosseri က အမေရိကန်က User တချို့ဟာ NFT တွေကို သူတို့ရဲ့ Feed, Stories နဲ့ Message တွေမှာ ပြသလို့ရတော့မယ်လို့ ဗီဒီယို ၁ ခုမှာ ပြောကြားလိုက်ပါတယ်။ NFT ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို Tagged Profiles နဲ့ Products တွေမှာလို ပြသထားမှာ ဖြစ်ပြီး “Digital Collectibles” လို့ အမည်ပေးထားမှာပါ။ Tag ကို နှိပ်ရင် ဖန်တီးသူနဲ့ ပိုင်ရှင်တို့ရဲ့ အမည်လို သတင်းအချက်အလက်တွေကို မြင်ရမှာပါ။

Mosseri က Community ဆီကနေ လေ့လာသင်ယူဖို့ အခု စမ်းသပ်မှုကို အကျဉ်းချုံးပြီး ပြုလုပ်ထားတာလို့ ပြောပါတယ်။ Ethereum နဲ့ Polygon Blockchain က NFT တွေကို အစောပိုင်းမှာ ထောက်ပံ့ထားပြီး Solana နဲ့ Flow တို့ကို မကြာခင် ထောက်ပံ့မယ်လို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Christine Pai က ပြောပါတယ်။

Mosseri က Instagram မှာ NFT ကို ထောက်ပံ့လိုက်တာဟာ လူတော်တော်များများအတွက် အဲဒီ နည်းပညာကို မိတ်ဆက်ပေးနိုင်မယ်လို့ ပြောပါတယ်။ Instagram ဟာ  NFT တွေကို ထောက်ပံ့တဲ့ ပထမဆုံး လူမှုကွန်ရက် ပလက်ဖောင်း မဟုတ်ပါဘူး။ ဇန်နဝါရီလမှာ တွစ်တာက NFT တွေကို ပရိုဖိုင် ဓါတ်ပုံအဖြစ် တင်နိုင်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။

Ref : theverge