လက်ရှိအချိန်မှာ Instagram ဟာ Social Media အနေနဲ့ အောင်မြင်မှုရရှိထားပြီးတော့ အထူးသဖြင့် Instagram Reels လိုမျိုး Short Video Feature တွေက ပိုပြီး လူသုံးများနေပြီဖြစ်ပါတယ်။ အခုလည်း Instagram ရဲ့ Head အဖြစ်တာဝန်ယူထားတဲ့ Adam Mosseri ကနေ လာမယ့် ၂၀၂၂ ခုနှစ်မှာ Instagram က ဘာတွေဆောင်ရွက်သွားမလဲဆိုတာကို အနည်းငယ်ပြောကြားခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ Instagram ဟာ လက်ရှိ ဓါတ်ပုံအသားပေး Social Media တစ်ခုတင်မဟုတ်ဘဲ ကမ္ဘာကြီးကလည်း လျှင်မြန်စွာပြောင်းလဲနေတဲ့အတွက် လိုက်ပြီး ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၂ အတွင်းမှာ Video တွေကို ယခုထက် ၂ ဆ ပိုပြီး အာရုံစိုက်သွားမယ်လို့ ပြောကြားလိုက်တာပဲဖြစ်ပါတယ်။

Mosseri ရဲ့ ပြောကြားချက်အရတော့ လက်ရှိ Instagram Reels လိုမျိုး Video Product တွေအကုန်လုံးလို ထည့်သွင်းစဥ်းစားပြီး အောင်မြင်မှုရရှိသွားအောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ယခင်တုန်းက သီးသန့်အသုံးပြုထားရတဲ့ IGTV လိုမျိုး Feature တွေဆိုရင် ယခုအချိန်မှာ Instagram App မှာပဲ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။

နောက်ထပ်လည်း Instagram မှာ Video တင်ချင်တဲ့ Content Creator တွေအတွက် ဝင်ငွေရှာဖွေနိုင်ဖို့အတွက် Monetization Tool အသစ်တွေကိုလည်း ထည့်သွင်းသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒါက လက်ရှိ Instagram Video တွေမှာ ကြော်ငြာတွေပါဝင်လာနိုင်သလားဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

နောက်ထပ်လည်း Instagram ဟာ Video ပိုင်းအပြင် Messaging ပိုင်းကိုပါ အာရုံစိုက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အထူးသဖြင့် ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Instagram ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာလည်း Privacy နဲ့ ဆက်ကျော်သက်လူငယ်တွေထိခိုက်မှုရှိနိုင်တဲ့ ကိစ္စရပ်တွေကို ရှောင်ရှားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ယခု ၂၀၂၁ ခုနှစ်အတွင်းမှာလည်း Sensitive Content Control ၊ Hide Like Counts နဲ့ Direct Message မှာ စကားလုံးတွေကို Hide ထားနိုင်တာမျိုးကဲ့သို့ Feature တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

Ref – Engadget