Intel CEO က AI ကို နေရာတိုင်းမှာ ထည့်သွင်းမယ်လို့ ပြီးခဲ့တဲ့လ အနည်းငယ်က ပြောခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ကားတွေထဲမှာ AI Chip တွေ ထည့်သွင်းမယ်လို့ ကြေညာလိုက်ပါတယ်။ Intel က “the first-generation AI-enhanced software-defined vehicle system-on-chip.” လို့ အမည်ပေးထားပါတယ်။

Intel Auto diagram

Intel ဟာ AI ကို ထောက်ပံ့တဲ့ Processor နဲ့ တခြား Hardware နယ်ပယ်မှာ Nvidia , AMD တို့နဲ့ ယှဉ်ပြိုင်နေရပါတယ်။ အခုတော့ Intel ဟာ AI PC နည်းပညာကို အာရုံစိုက်လာပြီး AI ဟာ Personal ကွန်ပြူတာနဲ့ အင်တာနက် သုံးရင် ပိုမို လုံခြုံတယ်လို့ ပြောပါတယ်။

ကုမ္ပဏီတွေက ကားတွေဟာ ကြီးမားတဲ့ Software ပလက်ဖောင်း ဖြစ်လာမယ်လို့ ယုံကြည်လာပြီး ကားနယ်ပယ်မှာ ယှဉ်ပြိုင်လာကြပါတယ်။ Intel ရဲ့ ကား Chip အသစ်ဟာ Navigation , Voice Assistant နဲ့ Vehicle Controls တို့လို In-car Experience ကို တိုးတက်စေမယ်လို့ Intel Automotive ရဲ့ ဒုတိယ ဥက္ကဌနဲ့ အထွေထွေမန်နေဂျာဖြစ်သူ Jack Weast က ပြောပါတယ်။

Auto Guangzhou 2023

Intel ရဲ့ Chip တွေကို အစောဆုံး ကားထဲမှာ ထည့်သွင်းမှာက တရုတ်အခြေစိုက် Geely ရဲ့ လျှပ်စစ်ကား ကုမ္ပဏီခွဲ ဖြစ်တဲ့ Zeekr ဖြစ်ပါတယ်။ Intel ရဲ့ AI Hardware ပါလာမယ့် ပထမဆုံး Zeekr ကားကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာပါ။

Intel ရဲ့ AI Chip ပါတဲ့ ကားတွေမှာ ပိုကောင်းတဲ့ Voice Assistant ၊ ပိုတိုးတက်လာတဲ့ Video Conferencing စွမ်းရည်နဲ့ အနောက်ခုံမှာ ထိုင်တဲ့ လူတွေအတွက် Video Gaming Option တွေ ပါလာမှာပါ။ Menu များစွာကို နှိပ်စရာ မလိုဘဲ ပါးစပ်ကနေ ကားကို အမိန့်ပေးနိုင်ပါတယ်။ ယာဉ်မောင်းကို စောင့်ကြည့်လေ့လာတာလို လုံခြုံရေး စွမ်းရည်တွေလည်း ပါလာမှာပါ။

Ref : theverge