Facebook ကုမ္ပဏီက ဧပြီလ ၇ ရက်နေ့မှာ ဒစ်ဂျစ်တယ် ကိုယ်ရေး အရာရှို Siri လို App မျိုးဖြစ်တဲ့ Messenger M ကို မိတ်ဆက်ခဲ့ပါတယ်။ အမှန်ဆိုရင် Facebook က အခုလို ကိုယ်ရေး အရာရှိ Messenger M ကို တီထွင်တာ နောက်ကျတယ်လို့တောင် ပြောလို့ရပါတယ်။

Google, Microsoft, Amazon၊ Apple နဲ့ Samsung တို့ တောင် ကိုယ်ရေး အရာရှိ App တွေ တီထွင်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုယ်ရေး အရာရှိ App ဆိုတာဟာ ကိုယ်သိချင်တာတွေကို အသံဖြင့် မေးခွန်းထုတ်ပေးပြီး App က ကိုယ့်မေးခွန်းတွေ အတွက် အဖြေရှာပေးတာတွေ၊ Message ကို ကိုယ်တိုင် ဖတ်လို့၊ ရိုက်လို့မရတဲ့အချိန်မျိုး (ဥပမာ ကားမောင်းနေတဲ့အချိန်မျိုးတွေမှာ) ဘယ်လို Message တွေရောက်နေလဲဆိုတာ ကိုယ်ရေးအရာရှိတစ်ယောက်လို ပြောပြပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် Message ကို ကိုယ်တိုင် ရိုက်စရာမလိုဘဲ ကိုယ်ပြောပြတဲ့ စာကြောင်းကို သူ့အလိုလိုရိုက်ပြီး ပို့သွားပါလိမ့်မယ်။

အဲ့ဒီလုပ်ဆောင်ချက်တွေအပြင် တခြား ဥာဏ်ရည်မြင့် လုပ်ဆောင်ချက်တွေ အများကြီးပါ လုပ်ဆောင်နိုင်ပါတယ်။

M App က Messenger မှာ Chatting လုပ်နေရင်း ကိုယ် Chat နေတဲ့အကြောင်းအရာအတွက် လိုအပ်တဲ့ Link တွေကို သူ့အလိုလို ရှာပေးပြီး ကိုယ်ပြောနေတဲ့ စကားနဲ့လိုက်ဖက်တဲ့ Sticker လေးတွေကိုလည်း အလိုအလျောက် ရှာပေးပါတယ်။

အဲ့ဒီအပြင် ငွေပေးချေ၊ ငွေတောင်းခံတာတွေ၊ နေရာမြေပုံတွေကို Share တာတွေ၊ အစီအစဉ်တွေ ရေးဆွဲတာတွေ စတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ အမိန့်ပေးခိုင်းစေနိုင်ပါတယ်။

M App မှာ AI Machine ဆိုတဲ့ လေ့လာတဲ့ စနစ်တစ်ခုပါဝင်တာကြောင့် Messenger သုံးတဲ့အခါတိုင်း M ကို သုံးတာများလေလေ M က ကိုယ်ဘာလိုချင်လဲဆိုတာ သိပြီး ကိုယ်မညွှန်ကြားဘဲ လိုအပ်တာတွေကို အဆင်သင့်လုပ်ပေးနိုင်မှာပါ။

အကယ်၍ M က အနှောင့်အယှက်ဖြစ်တယ်ဆိုလည်း သူ့ကို Mute (ခဏပိတ်) ထားလို့ရပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ Android အသုံးပြုသူတွေကတော့ ကိုယ်ရေး အရာရှိ M App ကို ဧပြီလ ၇ ရက်နေ့ ကတည်းက စတင်အသုံးပြုနိုင်နေပါပြီ။

ဗြိတိန်နိုင်ငံနဲ့ တခြားနိုင်ငံက သူတွေသုံးဖို့အတွက်တော့ Facebook က အဆင်သင့်မဖြစ်သေးပါဘူး။