[Zawgyi]

iOS 12.2 Beta 1 လည္း Public ထြက္လာျပီဆိုေတာ့ Developer ေတြ သုေတသီေတြ အေနနဲ႔ အထဲမွာ ဘာေတြေတြ႔ျမင္ရမလဲဆိုတာ ေစ့ေစ့ေပါက္ေပါက္ ရွာၾကပါျပီ။ ပံုမွန္အတုိင္း Developer ျဖစ္တဲ့ Steve Troughton-Smith က တစ္ခ်ိဳ႕အေရးၾကီးတဲ့ သတင္းေလးေတြကို ေဖာ္ႏုိင္ခဲ့ပါတယ္။

အဲတာကေတာ့ Apple ကေန iPad ေမာ္ဒယ္လ္ ၄ မ်ိဳးနဲ႔ iPod Touch ကို ထြက္လာမယ့္ ပံုပါပဲ။

Bug ရွင္းတာေတြ Stable ျဖစ္ဖို႔နဲ႔ Feature ေတြ Function အသစ္ေတြ ေပးတာအျပင္ အျမဲတမ္းထြက္လာတဲ့ iOS ဗားရွင္းသစ္ေတြက Apple ရဲ႕ ေနာက္လာမယ့္ အစီအစဥ္ေတြကို ေျပာေျပာျပေနသလိုပါပဲ။

Troughton-Smith ေတြ႔ခဲ့တာကေတာ့ iPad 11,1, iPad 11,2, iPad 11,3, နဲ႔ iPad 11,4 ဆိုျပီး ကိုယ္စားျပဳနဲ႔ iPad Model ၄မ်ိဳးကို ေတြ႔ခဲ့ပါတယ္။ အဲ့ထဲမွာေတာ့ Cellular ေရာ Wi-Fi Only ေမာ္ဒယ္လ္ေတြေရာ ပါျပီးေတာ့ သိရသေလာက္အတုိင္းဆို Apple က ဒီႏွစ္ကုန္ပိုင္းေလာက္မွာ 9.7-inch iPad အသစ္ေတြနဲ႔ iPad Mini အသစ္ေတြကိုလည္း ထပ္မိတ္ဆက္ေကာင္း မိတ္ဆက္လာႏုိင္ပါတယ္။

ပံုမွာျပထားတဲ့အတုိင္း Cellular, WiFi Model ေတြေပမယ့္ အဲ့ေမာ္ဒယ္လ္ေတြမွာ Face ID ပါမပါေတာ့ မေျပာတတ္ပါဘူး။

iOS 12.2 Beta 1 မွာ ေနာက္ထပ္စိတ္ဝင္စားဖို႔ေကာင္းတာက 7th-Generation iPod Touch Model အသစ္စက္စက္ေလးေတြ ထြက္လာမလားဆိုတာပါ။ သူလည္း Touch ID မပါဘဲ ထြက္လာမလားေတာ့ မသိေပမယ့္ Apple အေနနဲ႔ဆိုရင္ေတာ့ Biometric Authentication တစ္ခုမွ မပါဘဲေတာ့ မထြက္လာမွာ အေသအခ်ာပါပဲ။

TouchID မပါေတာ့ဘူးဆိုရင္ အသံနဲ႔ Access ရေအာင္ လုပ္ႏုိင္မလားမေျပာတတ္ေပမယ့္ High-End မဟုတ္တဲ့ ပစၥည္းတစ္ခုမွာေတာ့ နည္းပညာထြက္ခဲ့ရင္ေတာင္ စသံုးမလာေလာက္ဘူး ထင္ပါတယ္။

ဘယ္လိုပဲထြက္လာပါေစ ဒီႏွစ္အတြက္ မွန္းထားတဲ့ထဲမွာ iPad ေမာ္ဒယ္သစ္ေတြေရာပါလာမယ္ဆိုတာေတာ့ ေသခ်ာေလာက္ပါျပီ။ မၾကာေသးခင္ကလည္း မူပိုင္ခြင့္ရံုး USPTO မွာ iPod Touch အတြက္ မူပိုင္ခြင့္ ျပင္ဆင္တင္ခဲ့ျပီးသားဆိုေတာ့ ေမွ်ာ္လင့္လို႔ရႏုိင္ပါေသးတယ္။

ေနာက္လည္း iOS 12.2 beta ေတြ ထြက္စရာရိွေသးေတာ့ ဘာေတြမွာ အသစ္အသစ္ေတြ သိရဦးမလဲ ေစာင့္ၾကည့္ရဦးမွာပါ။

Source: Redmondpie

[Unicode]

iOS 12.2 Beta 1 လည်း Public ထွက်လာပြီဆိုတော့ Developer တွေ သုတေသီတွေ အနေနဲ့ အထဲမှာ ဘာတွေတွေ့မြင်ရမလဲဆိုတာ စေ့စေ့ပေါက်ပေါက် ရှာကြပါပြီ။ ပုံမှန်အတိုင်း Developer ဖြစ်တဲ့ Steve Troughton-Smith က တစ်ချို့အရေးကြီးတဲ့ သတင်းလေးတွေကို ဖော်နိုင်ခဲ့ပါတယ်။

အဲတာကတော့ Apple ကနေ iPad မော်ဒယ်လ် ၄ မျိုးနဲ့ iPod Touch ကို ထွက်လာမယ့် ပုံပါပဲ။

Bug ရှင်းတာတွေ Stable ဖြစ်ဖို့နဲ့ Feature တွေ Function အသစ်တွေ ပေးတာအပြင် အမြဲတမ်းထွက်လာတဲ့ iOS ဗားရှင်းသစ်တွေက Apple ရဲ့ နောက်လာမယ့် အစီအစဉ်တွေကို ပြောပြောပြနေသလိုပါပဲ။

Troughton-Smith တွေ့ခဲ့တာကတော့ iPad 11,1, iPad 11,2, iPad 11,3, နဲ့ iPad 11,4 ဆိုပြီး ကိုယ်စားပြုနဲ့ iPad Model ၄မျိုးကို တွေ့ခဲ့ပါတယ်။ အဲ့ထဲမှာတော့ Cellular ရော Wi-Fi Only မော်ဒယ်လ်တွေရော ပါပြီးတော့ သိရသလောက်အတိုင်းဆို Apple က ဒီနှစ်ကုန်ပိုင်းလောက်မှာ 9.7-inch iPad အသစ်တွေနဲ့ iPad Mini အသစ်တွေကိုလည်း ထပ်မိတ်ဆက်ကောင်း မိတ်ဆက်လာနိုင်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း Cellular, WiFi Model တွေပေမယ့် အဲ့မော်ဒယ်လ်တွေမှာ Face ID ပါမပါတော့ မပြောတတ်ပါဘူး။

iOS 12.2 Beta 1 မှာ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက 7th-Generation iPod Touch Model အသစ်စက်စက်လေးတွေ ထွက်လာမလားဆိုတာပါ။ သူလည်း Touch ID မပါဘဲ ထွက်လာမလားတော့ မသိပေမယ့် Apple အနေနဲ့ဆိုရင်တော့ Biometric Authentication တစ်ခုမှ မပါဘဲတော့ မထွက်လာမှာ အသေအချာပါပဲ။

TouchID မပါတော့ဘူးဆိုရင် အသံနဲ့ Access ရအောင် လုပ်နိုင်မလားမပြောတတ်ပေမယ့် High-End မဟုတ်တဲ့ ပစ္စည်းတစ်ခုမှာတော့ နည်းပညာထွက်ခဲ့ရင်တောင် စသုံးမလာလောက်ဘူး ထင်ပါတယ်။

ဘယ်လိုပဲထွက်လာပါစေ ဒီနှစ်အတွက် မှန်းထားတဲ့ထဲမှာ iPad မော်ဒယ်သစ်တွေရောပါလာမယ်ဆိုတာတော့ သေချာလောက်ပါပြီ။ မကြာသေးခင်ကလည်း မူပိုင်ခွင့်ရုံး USPTO မှာ iPod Touch အတွက် မူပိုင်ခွင့် ပြင်ဆင်တင်ခဲ့ပြီးသားဆိုတော့ မျှော်လင့်လို့ရနိုင်ပါသေးတယ်။

နောက်လည်း iOS 12.2 beta တွေ ထွက်စရာရှိသေးတော့ ဘာတွေမှာ အသစ်အသစ်တွေ သိရဦးမလဲ စောင့်ကြည့်ရဦးမှာပါ။

Source: Redmondpie