Apple ကနေ iOS 13.5 အတွက် တတိယမြောက် Beta Version Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Beta Update ဟာ လက်ရှိ Google နဲ့ အတူတွဲပြီးအလုပ်လုပ်နေတဲ့ Contact Tracing API အပြင် FaceID အသုံးပြုသူတွေအတွက် ဝမ်းသာစရာ Feature တစ်ခုပါ ပါဝင်လာခဲ့ပါတယ်။

ဒါကတော့ တကယ်လို့ FaceID ကို မျက်နှာမှာ Mask တပ်ထားတဲ့အချိန် အသုံးပြုမယ်ဆိုရင် အလိုအလျောက် FaceID အစား Passcode နဲ့ပဲ Login ဝင်ရောက်နိုင်အောင် ပြုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ တကယ်လို့ Mask မတပ်ထားတဲ့အချိန်မှာဆိုရင်တော့ ပုံမှန်အတိုင်းပဲ FaceID ကို အသုံးပြုနိုင်မှာပါ။

ဒီ Feature Update ဟာ သေးငယ်တဲ့ Feature တစ်ခုပေမယ့် Mask တပ်ထားတုန်း FaceID နဲ့ Unlock ပြုလုပ်လို့မရဘဲ Fail တဲ့အထိစောင့်ဆိုင်းပြီးမှ Passcode ရိုက်ထည့်ရတဲ့ ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ယခု Feature Update မရရှိခင်တုန်းက FaceID အတွက် ကိုယ့်မျက်နှာအတိုင်းဖော်ပြထားတဲ့ Mask တွေကိုတောင် ရောင်းချမှုတွေရှိခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခု iOS 13.5 Beta 3 မှာပဲ ဒီ Feature ကိုထည့်သွင်းပေးထားတဲ့အတွက် ပုံမှန် iOS 13 Stable Version ကို အသုံးပြုနေတဲ့ iOS User တွေအနေနဲ့လောလောဆယ်မှာ အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် Stable iOS Version Update မှာ ရရှိလာဖို့ကတော့ အချိန်စောင့်ဆိုင်းရဦးမှာပါ။

Ref – 9to5Mac