Apple က iOS 14 ကို ပူပူနွေးနွေး ထုတ်ပေးထားတာ ၂ ရက်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အရေးကြီးတဲ့ Bug ၁ ခုကို ပထမဆုံး အကြိမ်တွေ့လာရပြီ ဖြစ်ပါတယ်။ iOS 14 ရဲ့ အမိုက်စား လုပ်ဆောင်ချက်တွေထဲက ၁ ခုက Default Browser နဲ့ Email App ကို ကြိုက်နှစ်သက်တာ သတ်မှတ်ထားလို့ရတာပါ။ ဒါပေမယ့် Reboot လုပ်တိုင်း Default အနေနဲ့ Apple Apps တွေကို မူလ အတိုင်း ပြန်ပြောင်းလိုက်တဲ့ ပြဿနာ ဖြစ်နေပါတယ်။

အဲဒီအတွက် သင့် iPhone ဘက်ထရီ ကုန်သွားလို့ပဲ ဖြစ်ဖြစ်၊ Restart လုပ်တဲ့အခါပဲ ဖြစ်ဖြစ် Safari နဲ့ Apple Mail App တွေကိုပဲ Default App အဖြစ် ပြန်သတ်မှတ်လိုက်မှာပါ။ Settings ထဲသွားပြီး သင် အသုံးပြုချင်တဲ့ Browser , Email App တွေကို Default အဖြစ် ပြန်သတ်မှတ်ပေးရမှာ ဖြစ်တဲ့အတွက် အလုပ်ရှုပ်စေပါတယ်။

Apple က ဒီပြဿနာကို Update နဲ့ မကြာခင် ဖြေရှင်းပေးလိမ့်မယ်လို့ထင်ပါတယ်။ ဒီအတောအတွင်းမှာတော့ သင့် iPhone ကို Reboot မလုပ်မိအောင် သတိထားရမှာပါ။

Apple က iOS 14 ကို စက်တင်ဘာလ ၁၆ ရက်နေ့က စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ iOS 14 ရရှိမယ့် Device စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • iPhone 11
  • iPhone 11 Pro
  • iPhone 11 Pro Max
  • iPhone XS
  • iPhone XS Max
  • iPhone XR
  • iPhone X
  • iPhone 8
  • iPhone 8 Plus
  • iPhone 7
  • iPhone 7 Plus
  • iPhone 6s
  • iPhone 6s Plus
  • iPhone SE (1st generation)
  • iPhone SE (2nd generation)
  • iPod touch (7th generation)

Ref : gsmarena