Apple က အောက်တိုဘာလ ၂၅ ရက်နေ့မှာ Software Update အသစ်တွေကို ဖြန့်ချိပေးမယ်လို့ ကြေညာလိုက်ပါတယ်။ iPhone , iPad , Apple Watch, Apple TV နဲ့ MacBook တွေအတွက် iOS 15.1, iPadOS 15.1, watchOS 8.1, tvOS 15.1 နဲ့ macOS Monterey တို့ကို နောက် ၁ ပတ်မှာ ရကြမှာ ဖြစ်ပါတယ်။

Apple က AirPods အသစ်ကို ကြေညာလိုက်ပြီး Software Update ဖြန့်ချိပြီး နောက် ၁ ရက် ဖြစ်တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

iOS 15.1, iPadOS 15.1, watchOS 8.1, tvOS 15.1, and macOS Monterey will be available on October 25

macOS Monterey Software ကိုလည်း အသစ်စက်စက် ကြေညာထားတဲ့ ၁၄ လက်မနဲ့ ၁၆ လက်မ MacBook Pro မော်ဒယ်တွေမှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ Laptop တွေမှာ M1 Pro နဲ့ M1 Max Chipset အသစ်တွေ မောင်းနှင်ထားတာ ဖြစ်ပြီး Software Update ဖြန့်ချိပြီး နောက် ၁ ရက် ဖြစ်တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

FaceTime မှာ သူငယ်ချင်းတွေနဲ့ Streaming Content တွေကို အတူတကွ ကြည့်ရှု နားဆင်နိုင်တဲ့ SharePlay ကို iOS 15.1 မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် ProRes Video ထောက်ပံ့ထားနိုင်ပြီး Wallet App မှာ Covid-19 ဆေးထိုးပြီးကြောင်း သက်သေခံ အထောက်အထားကို ထည့်သွင်းထားနိုင်မယ်လို့ ထင်ရပါတယ်။ iOS 15 ရဲ့ Bug တွေကို ပြင်ဆင်ထားမှာပါ။

Ref : gsmarena