Apple က Worldwide Developers Conference (WWDC) မှာ iOS 18 ကို ကြေညာလိုက်ပါတယ်။ Apple ရဲ့ ကိုယ်ပိုင် AI ဖြစ်တဲ့ Apple Intelligence ဟာ iOS 18 ရဲ့ အဓိက စွမ်းရည် အသစ် ဖြစ်လာပြီး A17 နဲ့ M Series Chip ပါတဲ့ Device အားလုံးမှာ ရရှိမှာပါ။

AI Writing Tools တွေကို App အားလုံးမှာ ထည့်သွင်းထားပြီး သတ်ပုံစစ်တာ၊ စာတွေကို အကျဉ်းချုပ်ပေးတာတွေ ပြုလုပ်နိုင်ပါတယ်။ Mail App မှာ စာပြန်ပေးတဲ့ Smart Reply Suggestions ထည့်သွင်းထားပြီး အရေးကြီးတဲ့ အီးမေးတွေကို Inbox ရဲ့ ထိပ်ဆုံးမှာ ပြသပေးနိုင်လာပါတယ်။

iOS 18 is official with Apple Intelligence, more customization than ever

Apple ရဲ့ AI က ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။ Apple Image Playground ကို အသုံးပြုကာ ဓါတ်ပုံတွေ ဖန်တီးနိုင်ပါတယ်။ Native App များစွာမှာ Image Playground ကို ထည့်သွင်းထားပြီး Standalone Tool အနေနဲ့လည်း ထုတ်ပေးထားပါတယ်။

iOS 18 is official with Apple Intelligence, more customization than ever

Genmoji က Generative AI Emoji ဖြစ်ပြီး လူတွေရဲ့ ဓါတ်ပုံတွေကနေ Emoji တွေ ဖန်တီးနိုင်ပါတယ်။ Clean Up Tool က AI Eraser ဖြစ်ပြီး ဓါတ်ပုံထဲ မလိုလားတဲ့ လူတွေနဲ့ အရာဝတ္ထုတွေကို ဖယ်ရှားနိုင်ပါတယ်။

iOS 18 is official with Apple Intelligence, more customization than ever

Memories က စာရေးလိုက်တာနဲ့ ဗီဒီယို ဖန်တီးပေးနိုင်ပါတယ်။ ဒီ Feature က စာသားကို အခြေခံကာ အကောင်းဆုံး ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ရွေးချယ်ပေးပြီး ဗီဒီယို ဖန်တီးပေးပါတယ်။ ဗီဒီယိုနဲ့ လိုက်ဖက်တဲ့ သီချင်းကိုတောင် ရွေးပေးနိုင်ပါတယ်။

iOS 18 is official with Apple Intelligence, more customization than ever

Notes နဲ့ Phone App မှာ အသံကို ဖမ်းယူတာ၊ စာသား အဖြစ်ပြောင်းတာနဲ့ အကျဉ်းချုပ်ပေးတာ ပြုလုပ်နိုင်ပါတယ်။

iOS 18 is official with Apple Intelligence, more customization than ever

Apple ဟာ OpenAI နဲ့ ပူးပေါင်းပြီး iOS 18 မှာ ChatGPT ကို ထည့်သွင်းပေးလိုက်ပါတယ်။ Siri နဲ့ Writing Tool တွေမှာ ChatGPT ကို သုံးနိုင်ပါတယ်။

iOS 18  ရဲ့ Public Beta ကို ဇူလိုင်လမှာ ရရှိမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ Final Version ကို ဖြန့်ချိမှာပါ။

ref : gsmarena