[Zawgyi]

AnTuTu ဟာ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလအတြက္ စြမ္းေဆာင္ရည္ အေကာင္းဆုံး Android Devices ၁၀လုံးရဲ႕ စာရင္းကို ၿပီးခဲ့တဲ့ တပတ္တုန္းက ထုတ္ေပးခဲ့ပါတယ္။ ယခုအခါမွာေတာ့ စြမ္းေဆာင္ရည္ အေကာင္းဆုံး iOs Device ၁၀လုံးကို AnTuTu က ထပ္မံထုတ္ျပန္ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။

Android Device ေတြနဲ႔ iOs Device ေတြမတူတဲ့အခ်က္က Android မွာဆိုရင္ စြမ္းေဆာင္ရည္ အေကာင္းဆုံး Device ေနရာေတြမွာ စမတ္ဖုန္းေတြသာရွိၿပီး iOs မွာေတာ့ စမတ္ဖုန္းေရာ Tablet ေတြပါ ပါဝင္ပါတယ္။ AnTuTu က ထုတ္ျပန္ေၾကညာလိုက္တဲ့ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလအတြက္ စြမ္းေဆာင္ရည္ အေကာင္းဆုံး iOs Device စာရင္းမွာ ၁၁လက္မ iPad Pro 2018 က ထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္ေနၿပီး စုစုေပါင္းရမွတ္ ၅၆၂,၂၇၉ မွတ္အထိ ပိုင္ဆိုင္ထားပါတယ္။ ၁၂.၉လက္မ iPad Pro 2018 ကေတာ့ စုစုေပါင္းရမွတ္ ၅၅၃,၂၅၈ မွတ္နဲ႔အတူ ဒုတိယေနရမွာ ရပ္တည္ေနပါတယ္။

အဆိုပါ iPad Pro 2018 ေတြဟာ 2.5GHz Vortex Cores ၄လုံး၊ 1.6GHz Tempest Cores ၄လုံးနဲ႔ GPU Cores ၇လုံးတို႔ ပါဝင္ဖြဲ႕စည္းထားတဲ့ A12X Bionic Chip ေတြကို အသုံးျပဳထားတာေၾကာင့္ iPhone XS, XS Max နဲ႔ XR တို႔မွာ အသုံးျပဳထားတဲ့ A12 Bionic Chip ေတြထက္ စြမ္းေဆာင္ရည္အပိုင္းမွာ သိသိသာသာ ပိုမိုေကာင္းမြန္လာတာ ျဖစ္ပါတယ္။ A12 Bionic Chip ေတြမွာေတာ့ Vortex Cores ၂လုံး၊ Tempest Cores ၄လုံးနဲ႔ GPU Cores ၄လုံးသာ ပါဝင္တာ ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

AnTuTu မှာ စွမ်းဆောင်ရည်အကောင်းဆုံး iOs Device တွေဖြစ်နေဆဲ iPad Pro 2018 များ

AnTuTu ဟာ ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွက် စွမ်းဆောင်ရည် အကောင်းဆုံး Android Devices ၁၀လုံးရဲ့ စာရင်းကို ပြီးခဲ့တဲ့ တပတ်တုန်းက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါမှာတော့ စွမ်းဆောင်ရည် အကောင်းဆုံး iOs Device ၁၀လုံးကို AnTuTu က ထပ်မံထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Android Device တွေနဲ့ iOs Device တွေမတူတဲ့အချက်က Android မှာဆိုရင် စွမ်းဆောင်ရည် အကောင်းဆုံး Device နေရာတွေမှာ စမတ်ဖုန်းတွေသာရှိပြီး iOs မှာတော့ စမတ်ဖုန်းရော Tablet တွေပါ ပါဝင်ပါတယ်။ AnTuTu က ထုတ်ပြန်ကြေညာလိုက်တဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွက် စွမ်းဆောင်ရည် အကောင်းဆုံး iOs Device စာရင်းမှာ ၁၁လက်မ iPad Pro 2018 က ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပြီး စုစုပေါင်းရမှတ် ၅၆၂,၂၇၉ မှတ်အထိ ပိုင်ဆိုင်ထားပါတယ်။ ၁၂.၉လက်မ iPad Pro 2018 ကတော့ စုစုပေါင်းရမှတ် ၅၅၃,၂၅၈ မှတ်နဲ့အတူ ဒုတိယနေရမှာ ရပ်တည်နေပါတယ်။

အဆိုပါ iPad Pro 2018 တွေဟာ 2.5GHz Vortex Cores ၄လုံး၊ 1.6GHz Tempest Cores ၄လုံးနဲ့ GPU Cores ၇လုံးတို့ ပါဝင်ဖွဲ့စည်းထားတဲ့ A12X Bionic Chip တွေကို အသုံးပြုထားတာကြောင့် iPhone XS, XS Max နဲ့ XR တို့မှာ အသုံးပြုထားတဲ့ A12 Bionic Chip တွေထက် စွမ်းဆောင်ရည်အပိုင်းမှာ သိသိသာသာ ပိုမိုကောင်းမွန်လာတာ ဖြစ်ပါတယ်။ A12 Bionic Chip တွေမှာတော့ Vortex Cores ၂လုံး၊ Tempest Cores ၄လုံးနဲ့ GPU Cores ၄လုံးသာ ပါဝင်တာ ဖြစ်ပါတယ်။

Ref : Gizmochina