[Unicode]

Moore’s Law ဆိုတာ Intel ရဲ့ ပူးတွဲတည်ထောင်သူ Gordon Moore ရဲ့ လေ့လာဆန်းစစ်မှုကနေ ရလာတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။ Moore ဟာ ဆားကစ်ထဲက ပေါင်းစည်းထားတဲ့ထရန်စ္စတာအရေအတွက်ဟာ နှစ်စဉ် နှစ်ဆမြင့်တက်နေတယ်ဆိုတဲ့အကြောင်းကို ၁၉၆၅ ခုနှစ်မှာ စာတမ်းတစ်ခုရေးခဲ့ပါတယ်။

နောက်ထပ် ၁၀ နှစ်ကြာချိန်မှာတော့ Moore ဟာ သူ့ရဲ့စာတမ်းပါ အကြောင်းအရာအနက် IC အတွင်းမှာရှိတဲ့ ထရန်စ္စတာအရေအတွက်ဟာ နှစ်စဉ် နှစ်ဆမြင့်တက်လာမယ်လို့ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ဥပဒေသဟာ ပိုပြီးတော့ ခိုင်မာလာပါတယ်။ လက်ရှိ Chip ထုတ်လုပ်မှုဖြစ်စဉ်တွေမှာ Process နံပါတ်တွေ သေးလာပြီး Transistors နံပါတ်တွေကတော့ ပိုပြီးများလာတာက သက်သေပဲ ဖြစ်ပါတယ်။

Chip ထဲမှာ ထရန်စ္စတာများလေလေ သူ့ရဲ့စွမ်းဆောင်ရည် ပိုမြင့်လေဖြစ်ပြီး စွမ်းအင်သက်ရောက်မှုကလည်း ပိုမိုထိရောက်လေဖြစ်ပါတယ်။ လက်ရှိ Flagship application processor တွေဖြစ်တဲ့ Snapdragon 855 နဲ့ Apple A13 Bionic တို့ဟာ 7nm process ကို အသုံးပြုပြီး ထုတ်လုပ်ထားတာပါ။ ဒါတွေကို ထုတ်လုပ်နေတာကတော့ ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ TSMC ပါ။

အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ TSMC ဟာ လာမယ့်နှစ်မှာ အရှိန်မြင့်တက်လာမှာဖြစ်တဲ့ 5G ကို ကူးပြောင်းခြင်းကနေ အကျိုးအမြတ်တွေ သေချာပေါက် ရရှိမှာဖြစ်ပါတယ်။ အကြီးတန်း ဒုတိယဥက္ကဋ္ဌ JK Wang ရဲ့ ပြောစကားအရ TSMC ဟာ ၂၀၂၀ ရဲ့ ပထမနှစ်ဝက်မှာ 5nm Chip တွေကို စပြီး ထုတ်လုပ်ဖို့ လမ်းကြောင်းပေါ်ရောက်နေပြီလို့ သိရပါတယ်။

5nm Chip တွေဟာ A14 Bionic SoC တွေအဖြစ်မြင်တွေ့ရမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်ကုန်ပိုင်းလောက်မှထွက်လာမယ့် iPhones တွေကလည်း 2020 အစောပိုင်းမှာထွက်ထားမယ့် Android Flagship အတော်များများထက် စွမ်းဆောင်ရည် ပိုကောင်းနေဦးမယ်လို့ ဆိုနိုင်ပါတယ်။

Digitimes ကတော့ Moore ရဲ့ ဥပဒေသဟာ လာမယ့် ၂၀၂၂ ခုနှစ်အထိ ဆက်ပြီးမှန်ကန်နေဦးမယ်လို့ ဆိုပါတယ်။ အကြောင်းက TSMC ဟာ ၂၀၂၂ မှာ 3nm chip တွေကို အလုံးအရင်း ထုတ်လာနိုင်လို့ပါပဲ။ TSMC ဟာ 3nm Chip တွေထုတ်ဖို့ Roadmap လည်းချထားပြီးဖြစ်တယ်လို့ သိရပါတယ်။ မေးခွန်းတစ်ခုကတော့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် Moore ရဲ့ ဥပဒေသဟာ ၂၀၂၈ လောက်မှာ အပြီးသတ်သွားနိုင်မလားဆိုတာပါ။ ဒါမှမဟုတ် ဥပဒေသအသစ်၊ ဒါမှမဟုတ် ပြင်ဆင်ချက် ထွက်လာမလားဆိုတာပါ။

Ref: Phone Arena

[Zawgyi]

5nm Process နဲ႔ A14 Bionic SoC သုံးလာဖြယ္ရွိတဲ့ iPhone 12

Moore’s Law ဆိုတာ Intel ရဲ႕ ပူးတြဲတည္ေထာင္သူ Gordon Moore ရဲ႕ ေလ့လာဆန္းစစ္မႈကေန ရလာတဲ့ ေတြ႕ရွိခ်က္ ျဖစ္ပါတယ္။ Moore ဟာ ဆားကစ္ထဲက ေပါင္းစည္းထားတဲ့ထရန္စၥတာအေရအတြက္ဟာ ႏွစ္စဥ္ ႏွစ္ဆျမင့္တက္ေနတယ္ဆိုတဲ့အေၾကာင္းကို ၁၉၆၅ ခုႏွစ္မွာ စာတမ္းတစ္ခုေရးခဲ့ပါတယ္။

ေနာက္ထပ္ ၁၀ ႏွစ္ၾကာခ်ိန္မွာေတာ့ Moore ဟာ သူ႔ရဲ႕စာတမ္းပါ အေၾကာင္းအရာအနက္ IC အတြင္းမွာရွိတဲ့ ထရန္စၥတာအေရအတြက္ဟာ ႏွစ္စဥ္ ႏွစ္ဆျမင့္တက္လာမယ္လို႔ ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် သူ႔ရဲ႕ဥပေဒသဟာ ပိုၿပီးေတာ့ ခိုင္မာလာပါတယ္။ လက္ရွိ Chip ထုတ္လုပ္မႈျဖစ္စဥ္ေတြမွာ Process နံပါတ္ေတြ ေသးလာၿပီး Transistors နံပါတ္ေတြကေတာ့ ပိုၿပီးမ်ားလာတာက သက္ေသပဲ ျဖစ္ပါတယ္။

Chip ထဲမွာ ထရန္စၥတာမ်ားေလေလ သူ႔ရဲ႕စြမ္းေဆာင္ရည္ ပိုျမင့္ေလျဖစ္ၿပီး စြမ္းအင္သက္ေရာက္မႈကလည္း ပိုမိုထိေရာက္ေလျဖစ္ပါတယ္။ လက္ရွိ Flagship application processor ေတြျဖစ္တဲ့ Snapdragon 855 နဲ႔ Apple A13 Bionic တို႔ဟာ 7nm process ကို အသုံးျပဳၿပီး ထုတ္လုပ္ထားတာပါ။ ဒါေတြကို ထုတ္လုပ္ေနတာကေတာ့ ထိုင္ဝမ္ Semiconductor ထုတ္လုပ္ေရးလုပ္ငန္းႀကီးျဖစ္တဲ့ TSMC ပါ။

အခုေနာက္ဆုံးထြက္လာတဲ့သတင္းအရ TSMC ဟာ လာမယ့္ႏွစ္မွာ အရွိန္ျမင့္တက္လာမွာျဖစ္တဲ့ 5G ကို ကူးေျပာင္းျခင္းကေန အက်ိဳးအျမတ္ေတြ ေသခ်ာေပါက္ ရရွိမွာျဖစ္ပါတယ္။ အႀကီးတန္း ဒုတိယဥကၠ႒ JK Wang ရဲ႕ ေျပာစကားအရ TSMC ဟာ ၂၀၂၀ ရဲ႕ ပထမႏွစ္ဝက္မွာ 5nm Chip ေတြကို စၿပီး ထုတ္လုပ္ဖို႔ လမ္းေၾကာင္းေပၚေရာက္ေနၿပီလို႔ သိရပါတယ္။

5nm Chip ေတြဟာ A14 Bionic SoC ေတြအျဖစ္ျမင္ေတြ႕ရမယ္ဆိုတဲ့ အဓိပၸါယ္လည္း သက္ေရာက္ပါတယ္။ ဒါေၾကာင့္ လာမယ့္ႏွစ္ကုန္ပိုင္းေလာက္မွထြက္လာမယ့္ iPhones ေတြကလည္း 2020 အေစာပိုင္းမွာထြက္ထားမယ့္ Android Flagship အေတာ္မ်ားမ်ားထက္ စြမ္းေဆာင္ရည္ ပိုေကာင္းေနဦးမယ္လို႔ ဆိုႏိုင္ပါတယ္။

Digitimes ကေတာ့ Moore ရဲ႕ ဥပေဒသဟာ လာမယ့္ ၂၀၂၂ ခုႏွစ္အထိ ဆက္ၿပီးမွန္ကန္ေနဦးမယ္လို႔ ဆိုပါတယ္။ အေၾကာင္းက TSMC ဟာ ၂၀၂၂ မွာ 3nm chip ေတြကို အလုံးအရင္း ထုတ္လာႏိုင္လို႔ပါပဲ။ TSMC ဟာ 3nm Chip ေတြထုတ္ဖို႔ Roadmap လည္းခ်ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ေမးခြန္းတစ္ခုကေတာ့ ဒီအတိုင္းဆက္သြားေနမယ္ဆိုရင္ Moore ရဲ႕ ဥပေဒသဟာ ၂၀၂၈ ေလာက္မွာ အၿပီးသတ္သြားႏိုင္မလားဆိုတာပါ။ ဒါမွမဟုတ္ ဥပေဒသအသစ္၊ ဒါမွမဟုတ္ ျပင္ဆင္ခ်က္ ထြက္လာမလားဆိုတာပါ။

Ref: Phone Arena