သတင်းအတော်များများမှာ ဖော်ပြခဲ့ကြတဲ့အတိုင်း iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ဟာ Notch ကို လက်လွှတ်ပြီး Pill + hole-punch cutout ဒီဇိုင်း မျက်နှာပြင်နဲ့ ထွက်လာမယ်လို့ပဲ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကဖော်ပြခဲ့တဲ့ 9to5Mac ရဲ့ သတင်းမှာတော့ iPhone 14 ရဲ့ မျက်နှာပြင်ဟာ အနည်းငယ် ပိုရှည်ကြောင်း သိခဲ့ရပါတယ်။

အခုအချိန်မှာတော့ မျက်နှာပြင်ဆိုင်ရာ လေ့လာသုံးသပ်သူ Ross Young က မျက်နှာပြင်အရွယ်အစား အတိအကျကို မျှဝေပေးလိုက်တာလည်း ဖြစ်ပါတယ်။ Young ကတော့ iPhone 14 Pro နဲ့ iPhone 14 Pro Max နှစ်ခုစလုံးဟာ Notch မပါတော့တဲ့အတွက် မျက်နှာပြင်အနည်းငယ်ပိုကြီးလာမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားသလောက် သိသိသာသာကြီး ပြောင်းလဲကြီးမားလာတာမျိုးမဟုတ်ဘူးလို့ သိရပါတယ်။

iPhone 14 Pro နဲ့ iPhone 14 Pro Max တွေရဲ့ မျက်နှာပြင်အရွယ်အစားနဲ့ သူ့ရှေ့က iPhone 13 ရဲ့ မျိုးဆက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရွယ်အစားကွာခြားမှုကို ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ်ပါတယ်။

iPhone 13 Pro – 6.06″
iPhone 14 Pro – 6.12″
iPhone 13 Pro Max – 6.68″
iPhone 14 Pro Max – 6.69″ဒီတော့ အရွယ်အစားပြောင်းလဲမှုရှိလာတယ်ဆိုပေမဲ့ သိသိသာသာ ကြီးမားသွားတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ iOS interface ကို ပြောင်းလဲရလောက်အောင်လည်း မကြီးမားတာကြောင့် အရာအားလုံးဟာ အရင်အတိုင်းပဲလို့ မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား တိုးလာတဲ့အတွက် ဘက်ထရီရာခိုင်နှုန်းကို Status bar မှာ ပြန်ထည့်လာနိုင်တယ်လို့ မျှော်လင့်နေကြပေမဲ့ ဒါဟာ သိပ်ပြီးတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ အခြားတစ်ဘက်မှာလည်း Apple ဟာ မျက်နှာပြင်အရွယ်အစား 6.1-inch နဲ့ 6.7-inch တွေကို ကြေညာထားပြီးဖြစ်တာကြောင့် iPhone 14 Pro နဲ့ iPhone 14 Pro Max တွေကို ဈေးကွက်ချဲ့ထွင်ဖို့အတွက် ပြောင်းလဲသွားဖွယ်မရှိဘူးလို့ပဲ မှတ်ယူရပါတယ်။

အခြားတစ်ဘက်ကကြည့်ရင်တော့ Pill + hole-punch cutout ကိုနေရာချထားပုံက Notch တစ်ခုစာနေရာဝန်းကျင်မှာဖြစ်တာကြောင့် ပိုပြီးတော့ ထူးထူးခြားခြားနေရာကျယ်သွားတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့မျက်မြင်အခြေအနေမှာ ဘယ်လိုရှိမလဲဆိုတာကိုပဲ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

Ref: 9To5Mac